Pages

Subscribe:

Monday, February 16, 2015

လာလီဂါ ချန်ပီယံဆုအတွက် အက်သလက်တီကို လက်လျှော့မည် မဟုတ်ဟု ဂေါ်ဒင်ကြုံးဝါး



လာလီဂါ ချန်ပီယံဆုအတွက် အက်သလက်တီကို လက်လျှော့မည် မဟုတ်ဟု ဂေါ်ဒင်ကြုံးဝါး

ဆယ်လ်တာဗီဂို အသင်းကို အမှတ်မထင် အရေးနိမ့်ပြီး ဇယားထိပ်မှ ရီးယဲလ်မက်ဒရစ်နှင့် (၇)မှတ် ကွာဟသွားသည့်တိုင် လာလီဂါ ချန်ပီယံဆုကို ထိန်းသိမ်းရန် အက်သလက်တီကို မက်ဒရစ် အနေဖြင့် လက်လျှော့မည် မဟုတ်ကြောင်း ဒီယေဂို ဂေါ်ဒင်က ကြုံးဝါးခဲ့သည်။

ဥရုဂွေး လက်ရွေးစင် ဗဟိုခံစစ်မှူးက လက်ရှိ လာလီဂါ ချန်ပီယံ အသင်းသည် အဆိုပါ အရှုံးရလဒ်ကို မေ့ဖျောက်ပြီး အကောင်းဆုံး ရှေ့ဆက်ကာ ချန်ပီယံဆုကို ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ အဆိုပါ ပွဲစဉ်တွင် နိုလီတိုနှင့် ဖေဘီယန် အော်ရယ်လာနာတို့က အက်သလက်တီကိုဘက်သို့ အနိုင်ဂိုးများ သွင်းယူသွားသည်။ ယခုအခါ အက်သလက်တီကိုသည် မြို့ခံပြိုင်ဘက် ရီးယဲလ်နောက် (၇)မှတ်၊ ဒုတိယ နေရာမှ ဘာစီလိုနောက် (၆)မှတ်ထိ ပြတ်ကျန်နေပြီ ဖြစ်သည်။

ဂေါ်ဒင်က ကွင်းလယ်တွင် ကိုကီနှင့် အာဒါတူရန်တို့ မပါဝင်နိုင်ခြင်းက အက်သလက်တီကိုအတွက် အားလျော့မှု ဖြစ်စေခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ “အရေးပါတဲ့ ကွင်းလယ် ကစားသမားတွေ မပါနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရှုံးခဲ့တာက ထက်မြက်တဲ့ ပြိုင်ဘက်ကိုပါ။ ဒီအရှုံးက ကျွန်တော်တို့ အားလုံးကို နာကျင်စေပါတယ်။ ကစားသမားတွေက ကောင်းကောင်း ကြိုးစား အားထုတ်ခဲ့ကြတာပါ။ အခုတော့ ကျွန်တော်တို့ ရှေ့ဆက်ရပါတော့မယ်။ ဒီပွဲမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်း လုံးဝ ကွဲပြားသွားတဲ့ အက်သလက်တီကို အသင်းကို မြင်နိုင်မှာပါ။ ပထမပိုင်းမှာ ဘာမှ မယ်မယ်ရရ မလုပ်နိုင်ပေမယ့် ဒုတိယပိုင်းမှာ ကစားပုံ တိုးတက်လာပြီး ဆယ်လ်တာ ဂိုးပေါက်ကို တော်တော် ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်ပေး ချန်ပီယံဆုအတွက် ကျွန်တော်တို့ ရာသီကုန်ထိ တိုက်ပွဲဝင်နေမှာပါ။ ပြီးတော့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် သေချာဖို့လည်း အစွမ်းကုန် ကြိုးစားနေဦးမှာ ဖြစ်ပါတယ်”ဟု ဂေါ်ဒင်က ဖွင့်ဟသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment