Pages

Subscribe:

Saturday, February 28, 2015

ဘာစီလိုနာနှင့် စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ခြင်း အတွက် ဘုရှ်ကွက်စ် ဝမ်းသာနေ



ဘာစီလိုနာနှင့် စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ခြင်း အတွက် ဘုရှ်ကွက်စ် ဝမ်းသာနေ

ဘာစီလိုနာနှင့် သက်တမ်းတိုး စာချုပ်နိုင်ခဲ့ခြင်းအတွက် အလွန် ဝမ်းသာ ပျော်ရွှင်မိကြောင်း ဆာဂျီယို ဘုရှ်ကွက်စ်က ဖွင့်ဟ ဝန်ခံခဲ့သည်။

ကာတာလန် အခြေစိုက် အသင်းကြီးသည် ကွင်းလယ် ဝင်ရိုးတွင် အဓိက အားထားရသူ တစ်ဦးဖြစ်သည့် စပိန်လက်ရွေးစင်ကို (၂၀၂၀)ပြည့်နှစ်ထိ သက်တမ်းတိုး စာချုပ်လိုက်သည်။ ဘာစီလိုနာ၏ လာမာစီယာ အကယ်ဒမီမှ ပေါ်ထွန်းလာသူ တစ်ဦးဖြစ်သည့် ဘုရှ်ကွက်စ်က ဘာစီလိုနာသည် ၎င်း၏ ဘဝအတွက် တစ်ခုတည်းသော အသင်းအဖြစ် ညွှန်းဆိုခဲ့သည်။ အသက်(၂၆)နှစ်ရှိ ဘုရှ်ကွက်စ်သည် (၂၀၀၈)ခုနှစ်တွင် ဘာစီလိုနာတွက် စတင်ပွဲထွက်ခဲ့ပြီး နူးကမ့်၏ အရေးပါသော ကစားသမားတစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

ဘာစီလိုနာ၏ စာချုပ်သည် (၂၀၁၉)ထိ ဖြစ်သော်လည်း နောက်ထပ်တစ်နှစ် အလိုအလျောက် သက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်း သဘောတူညီထားသည်။ ဘုရှ်ကွက်စ်က ငယ်ဘဝ အသင်းနှင့် ရေရှည် ရှေ့ဆက် ကစားရမည့် အခြေအနေအပေါ် “ကျွန်တော် ပျော်ပါတယ်။ ဘာစီလိုနာဟာ ကျွန်တော့်အတွက်တော့ တစ်ဘဝလုံးစာ အသင်းပါပဲ”ဟု ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော့်အသက် (၂၆)နှစ် ရှိပါပြီ။ ကျွန်တော့် အနာဂတ် အချိန်တွေ အများကြီးကို ဘာစီလိုနာအတွက် ရည်စူးထားပါတယ်။ ဘာစီလိုနာမှာ ရှာဗီဟာနန်ဒက်ဇ်၊ ကားလက်စ်ပူယိုးလ်နဲ့ အန်းဒရက်စ် အင်နီယေစတာတို့လို စံပြုစရာ ကစားသမားတွေ ရှိနေပါတယ်။ ကျွန်တော့်အတွက် အရေးကြီးတာက ခြေစွမ်းကောင်းကောင်းနဲ့ အရာရာကို စိတ်ကျေနပ်မှုအပြည့် ဖြတ်သန်းဖို့ပါ။ ဒါက တကယ့်ကို မရှိမဖြစ် လိုအပ်တဲ့ အနေအထားပါပဲ”ဟုလည်း မှတ်ချက်ပြုသွားသည်။

ဘုရှ်ကွက်စ်သည် ယခုရာသီ ဘာစီလိုအတွက် ပွဲပေါင်း(၃၀) ကစားပြီး (၁)ဂိုး သွင်းယူထားနိုင်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment