Pages

Subscribe:

Wednesday, February 18, 2015

ကာဗာနီရဲ့ခေါင်းတိုက်ဂိုးကြောင့် ပြင်သစ်မြေမှာ ချဲလ်ဆီး သရေတစ်မှတ်သာရ



ကာဗာနီရဲ့ခေါင်းတိုက်ဂိုးကြောင့် ပြင်သစ်မြေမှာ ချဲလ်ဆီး သရေတစ်မှတ်သာရ

ပြင်သစ်မြေမှာ ကစားခဲ့ကြတဲ့ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးအသင်းတို့ပွဲစဉ်မှာ ၁-၁ ဂိုးရလဒ်နဲ့ အရှုံးအနိုင်အဖြေမပေါ်ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ဧည့်သည်ချဲလ်ဆီးအသင်းက နောက်ခံလူ အိုင်ဗန်နိုဗစ်ခ်ျရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခွင့် ရခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီခေါင်းတိုက်ဂိုးကို ခွင့်ပြုလိုက်ရတာကြောင့် သရေနဲ့သာ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။

အိမ်ရှင်ပီအက်စ်ဂျီဟာ ၄-၃-၃- ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ရှေ့တန်းမှာ အီဗရာဟီမိုဗစ်ခ်ျ၊ ကာဗာနီနဲ့ လာဗက်ဇီတို့ကို တိုက်စစ်ဦးဆောင်းစေခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ဂိုးသမားကော့တွစ်ကို ပြန်လည်အသုံးပြု ထားပြီး တိုက်စစ်မှူးကော်စတာကို အထောင်ထား ကစားခဲ့ပါတယ်။ ဒီပွဲကို သရေယူနိုင်ခဲ့တဲ့အတွက် အိမ်ရှင်ပီအက်စ်ဂျီဟာ ပြိုင်ပွဲစုံ နောက်ဆုံးဆယ်ပွဲကို ရှုံးပွဲမရှိစံချိန် တင်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း အိမ်ကွင်းပွဲစဉ် ၃၂ ပွဲဆက်တိုက် မရှုံးသေးတဲ့ ရလဒ်ကို ရရှိခဲ့ပါတယ်။

ပွဲစတာနဲ့ ပြိုင်ပွဲကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ စိုးမိုးဖို့ကြိုးစားခဲ့တာချဲလ်ဆီးဖြစ်ပေမယ့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ကာဗာနီနဲ့ အီဗရာဟီမိုဗစ်ခ်ျ ဦးဆောင်တဲ့ တိုက်စစ်ကြာင့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ပွဲချိန် ၃၄ မိနစ်မှာပီအက်စ်ဂျီတိုက်စစ်မှုးကာဗာနီရဲ့ အနီးကပ်ခေါင်းတိုက်ချက်ကို ဂိုးသမားကော့တွစ် ကာကွယ်ယနိုင်ခဲ့လို့သာ ချဲလ်ဆီးအဖွင့်ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်ဂျီဘက်က ဂိုးပေါက်ခြိမ်းခြောက်မှု ဟာ ပိုများခဲ့ပေမယ့် အဆုံးသတ်မသေချာတာနဲ့ ကော့တွစ်ရဲ့ လက်စွမ်းပြမှုတို့ကြောင့်သာ တစ်ဂိုးပဲ ရခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ချဲလ်ဆီးအတွက် အဖွင့်ဂိုးရသွားခဲ့ပါတယ်။ ထူးခြားတာက ဒီဂိုးဟာ နောက်ခံလူတွေရဲ့ အားထုတ်မှုက တဆင့်ရသွားခဲ့တာဖြစ်ပါတယ်။ ဘယ်ခြမ်းကနေ အသင်းခေါင်းဆောင် တယ်ရီ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ကာဟေးလ်ကနေတဆင့် အိုင်ဗန်နိုဗစ်ခ်ျရသွားခဲ့ပြီး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကစားသမားဟောင်း ပီအက်စ်ဂျီ ကစားသမားဖြစ်တဲ့ ဒေးဗစ်လုဇ် လူကပ်တာအားနည်းမှုကတဆင့် ဒီဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ပီအက်စ်ဂျီဘက်က သိသိသာသာ ပြန်လည်ဖိကစားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတိုက်စစ်က ဟာဇက်နဲ့ ကော်စတာတို့ရဲ့ တွဲလုံးတွေဟာ အလုပ်မဖြစ်ခဲ့ပဲ ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု အားနည်းခဲ့တာတွေ့ရပါတယ်။ ပွဲကို တကယ်တမ်းစိုးမိုးခဲ့တာက ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ဆင်မှုပဲ ဖြစ်ပါတယ်။ ၅၄ မိနစ်မှာ အိမ်ရှင် ပီအက်စ်ဂျီအသင်း ချေပဂိုး ရရှိသွားခဲ့ပါတယ်။ နောက်ခံလူ မက်စ်ဝဲလ်က တဆင့် မာတွီဒီဆီ ပေးလိုက်တဲ့ ဘောလုံးကို မာတွီဒီက ကာဗာနီခေါင်းတိုက်နိုင်အောင် မ,တင်ပေးလိုက်တာ ဖြစ်ပါတယ်။ ကာဗာနီက ခေါင်းတိုက်မှုကို သေချာအဆုံးသတ်နိုင်ခဲ့လို့ အဖိုးတန်တဲ့ ချေပဂိုး ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှတော့ ချဲလ်ဆီးဘက်က ကွာဒရာဒို ဝင်လာခဲ့ပေမယ့်လည်း ဂိုးရဖို့ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ကွင်းလယ်လူ ဖာဘရီဂတ်စ် အဝါကတ်ပြခံခဲ့ရပါသေးတယ်။ ပွဲပြီးခါနီး စက္ကန့်ပိုင်းအလိုမှာ အီဗရာဟီမိုဗစ်ခ်ျရဲ့ ခေါင်းတိုက်ဂိုး ကောင်းမွန်ခဲ့ပေမယ့် ဂိုးသမားကော့တွစ် အမှားအယွင်းမရှိပဲ ဖမ်းမိခဲ့လို့ ချဲလ်ဆီး သရေယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒုတိယအကျော့လန်ဒန်မြေမှာ ပီအက်စ်ဂျီကို ဂိုးမပေးရဘူးဆိုရင် နောက်တဆင့် တက်နိုင်တော့မှာ ဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment