Pages

Subscribe:

Sunday, February 22, 2015

ဂိုမစ်၏ သွင်းဂိုးဖြင့် မန်ချက်စတာယူနိုက်တက်ကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့သည့် ဆွမ်ဆီး



ဂိုမစ်၏ သွင်းဂိုးဖြင့် မန်ချက်စတာယူနိုက်တက်ကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့သည့် ဆွမ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် (၂၆) ဆွမ်ဆီးနှင့် မန်ချက်စတာယူနိုက်တက် ပွဲစဉ်တွင် ဆွမ်ဆီးက ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ဆွမ်ဆီးတွင် ဖေဘီယန်စကီး၊ တေလာ၊ နော့တန်၊ ဖာနန်ဒက်ဇ်၊ ဝီလျံ၊ ကီ၊ ကော့ခ်၊ ရှယ်လ်ဗီ၊ ရုဒ်လက်ခ်ျ၊ ဆစ်ဂတ်ဆန်၊ ဂိုမစ်တို့ ပွဲထွက်ပါဝင်ခဲ့သည်။

မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ မက်နဲ၊ ရိုဟို၊ ဖီးလ်ဂျုံးစ်၊ ရှော၊ ဘလင်း၊ ဟာရဲရား၊ ဖယ်လိုင်နီ၊ ဒီမာရီယာ၊ ရွန်နီ၊ ဗန်ပါစီတို့ ပါဝင်ကစားခဲ့သည်။

ပွဲချိန် ၁၅ မိနစ်တွင် ရွန်နီနှင့် ဒီမာရီယာတို့၏ တွဲလုံးမှတစ်ဆင့် ဗန်ပါစီက ဂိုးကန်သွင်းခဲ့သော်လည်း ၎င်း၏ ကန်ချက် တိုင်ထိသွားခဲ့သည်။ ၁၇ မိနစ်တွင် တေလာ ဖန်တီးပေးသည့် ဘောလုံးကို ရုဒ်လက်ခ်ျ ကန်သွင်းသော်လည်း ဒီဂီယာဆီသာ ရောက်သွားခဲ့သည်။ ၂၈ မိနစ်တွင် ယူနိုက်တက်က အဖွင့်ဂိုး ရရှိခဲ့ပြီး အဆိုပါဂိုးကို ရှော၊ ရွန်နီနှင့် ဒီမာရီယာတို့၏ တွဲလုံးမှတစ်ဆင့် ဟာရဲရားက အပြင်းကန်သွင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၃၀ မိနစ်တွင် ဆွမ်ဆီးက ချေပဂိုး ရရှိခဲ့ပြီး အဆိုပါဂိုးကို ရှယ်ဗီ၏ ဖြတ်တင်ပေးမှုမှတစ်ဆင့် ကီက ၆ ကိုက်စည်းအတွင်းမှ ပိတ်သွင်းယူခဲ့သည်။ ၄၉ မိနစ်တွင် ရှယ်ဗီ၏ ဖြတ်တင်ဘောမှပင် ကီက ပိတ်သွင်းခဲ့သော်လည်း ဂိုးလွန်ဘောသာ ဖြစ်သွားခဲ့သည်။ ၆၅ မိနစ်တွင် ဒီမာရီယာ၏ ဖြတ်တင်ဘောမှ ရိုဟို ခေါင်းတိုက်သော်လည်း ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ ၇၃ မိနစ်တွင် ဆွမ်ဆီးက ဦးဆောင်ဂိုး ရရှိသွားခဲ့သည်။ ယူနိုက်တက် ဂိုးဧရိယာထိပ်တွင် လူကပ်ခံထားရခြင်း မရှိသည့် ရှယ်ဗီ၏ အပြင်းကန်ချက်က ဂိုမစ်၏ ခေါင်းနှင့်ထိကာ ဂိုးထဲဝင်သွားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ယူနိုက်တက်က ချေပဂိုး ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဆွမ်ဆီး၏ ခံစစ်ပိုင်းကို မကျော်ဖြတ်နိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ဆွမ်ဆီးက ယူနိုက်တက်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment