Pages

Subscribe:

Tuesday, February 17, 2015

သန်းပိုင်၏ ဂိုးဖြင့် ဖီဂျီကို အနိုင်ယူနိုင် ခဲ့သည် မြန်မာယူ-၂၀



သန်းပိုင်၏ ဂိုးဖြင့် ဖီဂျီကို အနိုင်ယူနိုင် ခဲ့သည် မြန်မာယူ-၂၀

မြန်မာ ယူ-၂၀ အသင်းနှင့် ဖီဂျီယူ-၂၀ အသင်းတို့၏ ပထမခြေစမ်းပွဲကို မန္တလေး မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၀ အသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် ဖီဂျီအသင်းနှင့် ရင်ဆိုင်ခဲ့ရာတွင် အကောင်းဆုံး မျိုးမင်းလတ်၊ နန္ဒကျော် ၊ ထိုက်ထိုက်အောင်၊ သန်းပိုင် အစရှိတဲ့ အဓိက ကစားသမား များနှင့် ရင်ဆိုင်ကစားခဲ့သည်။ မြန်မာအသင်းသည် ပွဲစသည်နှင့် ဖီဂျီ အသင်းဘက်သို့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဖီဂျီ နောက်ခံလူများက အကောင်းဆုံး ပုံစံဖြင့် ကစားနိုင်ခဲ့သည့် အတွက် ဂိုးမရရှိပဲ ဖြစ်ခဲ့ရသည်။ ပွဲချိန်(၁၇)မိနစ်တွင် ဖီဂျီအသင်းပထမဆုံး ကန်သွင်းချက်ဟာ ကောင်းမွန်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်ခဲ့
လို့ မြန်မာအသင်း သက်သာရာရခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်(၂၃)မိနစ်တွင် ရရှိခဲ့ပြီး မောင်မောင်စိုး၏ ကန်သွင်းမှု ဂိုးသမားနှင့် ထိပြီးပြန်ကန်ထွက် ခဲ့ရာမှ သန်းပိုင်အနီးကပ် ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ ပွဲချိန်
(၃၁)မိနစ်တွင် ဖီဂျီအသင်းချေပဂိုး ရရှိဖို့အခွင့်အရေး ရရှိခဲ့ပေ မယ့် မြန်မာနောက် ခံ လူတစ်ဦး ဂိုးစည်းပေါ်မှ ဖြတ်ထုတ်နိုင် ခဲ့တာကြောင့် ဖီဂျီတို့ ချေပဂိုး နှင့်ဝေးခဲ့ ရသည်။ ပထမပိုင်း ပွဲချိန်ပြီးဆုံးချိန်တွင် ဖီဂျီအသင်းထိုးဖောက်မှုကို ဂိုးသမား
မျိုးမင်းလတ် ကာကွယ်နိုင်ခဲ့ပြီး အနည်းငယ် အချင်းများမှု များဖြစ်ပွားခဲ့ပြီး ပထမပိုင်းတွင် မြန်မာအသင်းက ဖီဂျီအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရ ရှိနေခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း မြန်မာအသင်းက ဆက်တိုက် ဖိအာပေးခဲ့ပြီး ပွဲချိန်(၅၀) မိနစ်မှာ မြန်မာအသင်းရဲ့ အဝေးကန် ချက်ကို ဖီဂျီဂိုးသမား ကာကွယ်နိုင်ခဲ့သော ကြောင့် မြန်မာအသင်း ဒုတိယဂိုး နှင့် ဝေးခဲ့ရသည်။ ပွဲချိန်မိနစ် (၅၀)ကျော်လွန်လာသည့် အချိန်များတွင် မြန်မာအသင်းဘက်ကို ပြန်လည် ထိုးဖောက်မှုပြု လုပ်နိုင်ခဲ့သော်လည်း ချေပဂိုး နှင့် ဝေးခဲ့ရသည်။ ပွဲချိန်(၇၄)မိနစ်တွင်လည်း ဖီဂျီကစားသမား မာတာရာလို ဂိုးဧရိယာ အတွင်းအထိ ဆွဲဝင်လာခဲ့ပြီး
ကန်သွင်းခဲ့ပေမယ့် ဂိုးဘား တန်းပေါ်ကျော်သွားခဲ့ သည်။ မြန်မာအသင်း အနေဖြင့်လည်း နောက်ပိုင်းပွဲချိန်များတွင် ဖီဂျီ အသင်းဘက်ကို ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဒုတိယဂိုး ထပ်မံရရှိဖို့အတွက်တော့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း အပြီးမှာတော့ ပထမပိုင်းတွင် သွင်းယူခဲ့သော သန်းပိုင်၏ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment