Pages

Subscribe:

Friday, February 20, 2015

ရှော်လ်ကေး၏ အိမ်ကွင်းမျက်နှာပြင်ကို ခရူးစ်ဝေဖန်



ရှော်လ်ကေး၏ အိမ်ကွင်းမျက်နှာပြင်ကို ခရူးစ်ဝေဖန်

ချန်ပီယံလိဂ် ပွဲစဉ်တွင် ရှော်လ်ကေးအသင်း၏ အိမ်ကွင်းမျက်နှာပြင် ဆိုးရွားမှုနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရူးစ်က ဝေဖန် ပြောဆိုခဲ့သည်။

ရှော်လ်ကေး၏ အိမ်ကွင်း ဗယ်လ်တင်စ်တွင် ရီးယဲလ်က (၂-၀)ဖြင့် အနိုင်ရခဲ့သော်လည်း မျက်နှာပြင် အခြေအနေကြောင့် ကစားရသည်မှာ စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ဂျာမနီ လက်ရွေးစင် ခရူးစ်က ဆိုသည်။ ဥရောပ ချန်ပီယံ အသင်းသည် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ မာဆယ်လိုတို့၏ ဂိုးများဖြင့် ရှော်လ်ကေးကို အနိုင်ရခဲ့ခြင်းကြောင့် ကွာတားဖိုင်နယ် တက်ရောက်ရန် အခြေအနေ အကောင်းဆုံး ဖြစ်လာခဲ့သည်။ ခရူးစ်ကမူ ဘိုင်ယန်မြူးနစ် ကစားသမား ဘဝတွင် ပြိုင်ဘက်များ ဖြစ်ခဲ့ဖူးသည့် ရှော်လ်ကေး၏ ကွင်းမျက်နှာပြင်သည် ဆိုးရွားလွန်းကြောင်း ဆိုသည်။

“ကွင်းအခြေအနေကြောင့် ပွဲက ထင်ထားတာထက် နည်းနည်း ပိုခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ကစားပုံ မကောင်းလို့ ဆင်ခြေပေးတယ်လို့ ထင်ချင်လည်း ထင်ပါ။ ဒါပေမဲ့ ကွင်းမျက်နှာပြင် အနေအထားကတော့ တကယ့်ကို ဆိုးရွားလွန်းပါတယ်”ဟု ခရူးစ်က ပြောကြားခဲ့သည်။ ခရူးစ်က “ရှော်လ်ကေးဘက်က အလွန်အကျွံ ခံစစ်ပိတ်ပြီး ကစားမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တကယ့် အချိန်ကောင်းမှာ ကျွန်တော်တို့ ဂိုးရလိုက်တယ်။ အဲဒီတော့ ကစားရတာ ပိုအဆင်ပြေသွားတယ်။ အထူးသဖြင့် ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ် ထင်ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment