Pages

Subscribe:

Friday, February 27, 2015

ပင်ကို ကစားဟန်ကို ပြောင်းလဲပစ်မည် မဟုတ်ဟု ကော်စတာ ပြောကြား



ပင်ကို ကစားဟန်ကို ပြောင်းလဲပစ်မည် မဟုတ်ဟု ကော်စတာ ပြောကြား

ယှဉ်ပြိုင်လိုစိတ် ပြင်းပြင်းပြပြနှင့် ပွဲအပေါ် ချဉ်းကပ်တတ်သည့် မိမိ၏ ပင်ကိုဟန်ကို ပြောင်းလဲသွားမည် မဟုတ်ဟု ချယ်လ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာက ပြောကြားလိုက်သည်။

လီဗာပူးလ်နှင့်ပွဲတွင် ပြိုင်ဘက် ကစားသမား အမ်မရီကန်၏ လက်ကို တက်နင်းခဲ့သဖြင့် သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရသည့် စပိန်လက်ရွေးစင်သည် ဘန်လေနှင့်ပွဲတွင် ပြန်လည် ပါဝင်လာပြီး ယခုအခါ တော့တင်ဟမ် ဟော့စပါးနှင့် ကစားမည့် ကက်ပီတယ်လ်ဝမ်း ဗိုလ်လုပွဲအတွက် အသင့်ရှိနေပြီ ဖြစ်သည်။ ကော်စတာသည် ပြိုင်ဘက်ကို ဆွကစားသည့် အခြေအနေမျိုး ရှိနေကြောင်း မီဒီယာများ၏ ဝေဖန်မှုကို ခံရသည့်တိုင် ၎င်း၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျ ကစားသမားဘဝ အဖွင့်ရာသီမှာ လှပအောင်မြင်နေပြီး (၁၈)ဂိုးထိ သွင်းယူထားနိုင်ခဲ့သည်။

ကော်စတာက “ကျွန်တော်ကတော့ ကိုယ့်ကစားဟန်ကို ပြောင်းပစ်မှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော်ဟာ အရင်ကထက် နည်းနည်းတော့ ပိုဂရုစိုက်ဖို့ လိုလာပြီဆိုတာ သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဘာလုပ်လုပ် တခြားသူတွေနဲ့တန်းတူ ရှုမြင်ခံရတာ ဟုတ်ချင်မှ ဟုတ်မယ်လေ။ ကျွန်တော် တစ်ခုခု လုပ်လိုက်ပြီဆိုရင် တခြားကစားသမားတွေထက် ပိုပြီး ချဲ့ကားပြောဆို ခံရတယ်။ ကျွန်တော်က သူများထက်ပိုပြီး စောင့်ကြည့် ခံနေရတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ဟန်ကို ပြောင်းဖို့ ဆိုတာကတော့ ဘယ်တော့မှ ဖြစ်မလာမယ့် ကိစ္စပါ။ ကျွန်တော်ကတော့ ကိုယ်လိုလားတဲ့ အခြေအနေအတိုင်းပဲ ဆက်ကစားသွားမှာပါ”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment