Pages

Subscribe:

Friday, February 20, 2015

ခြေစွမ်းကောင်းခဲ့ပေမယ့် အနိုင် မရခဲ့တဲ့ မြန်မာယူ-၂၂



ခြေစွမ်းကောင်းခဲ့ပေမယ့် အနိုင် မရခဲ့တဲ့ မြန်မာယူ-၂၂

မြန်မာယူ-၂၂ အသင်းနဲ့ ဖီဂျီအသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်ကို သုဝဏ္ဏ ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်းဟာ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဂိုးမရှိသရေနဲ့  သာအဆုံးသတ်ခဲ့ရပါတယ်။
မြန်မာအသင်းရဲ့  ပွဲထွက်လူစာရင်းတွင် ဂိုးသမားအဖြစ် ကျော်ဇင်ဖြိုး၊ စည်သူအောင်၊  နေလင်းထွန်း၊  ဒွေးကိုကိုချစ် အစရှိတဲ့  မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင့် ကစားသမားများ ပါဝင်ခဲ့ပြီး ပွဲစတာနဲ့ ဖီဂျီအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပါ တယ်။ မြန်မာအသင်းဟာ တောင်ပံတွေကနေ ထိုးဖောက်မှုတွေပြုလုပ်နေခဲ့ပေမယ့် ဘယ်တောင်ပံ မှာကစားနေတဲ့ မျိုးမင်းဇော်ဟာ အပြတ်များနေခဲ့ပါတယ်။ ပွဲချိန်(၇) မှာ  ထောင့်ကန်ဘောမှ နေလင်းထွန်း ခေါင်းတိုက်ချက် ကောင်းမွန် ခဲ့ပေမယ့် ဖီဂျီအသင်းနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၁၈) မိနစ်မှာလည်း  နေလင်းထွန်း ရှေ့ထွက်နေတဲ့ ဂိုးသမားကို ကျော်ပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ်ကျော်သွား ခဲ့ရပါတယ်။ ပွဲချိန်(၃၃)မိနစ်မှာလည်း  မြန်မာအသင်း ရရှိတဲ့ ပြစ်ဒစ်ဘောကို စည်သူအောင် ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာကြောင့် မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ ပွဲချိန်(၃၈)မိနစ်မှာ မျိုးမင်းဇော်ရဲ့ ကန်သွင်းချက်ကို ကောင်းဆက်နိုင် အပိုင်ပိတ် သွင်းခဲ့ပေမယ့် လူကျွံ့နေခဲ့လို့ မြန်မာအသင်း နစ်နာခဲ့ရပြန်ပါတယ်။
ပွဲချိန် (၅၅)မိနစ်မှာ မြန်မာအသင်း အနေနဲ့ ဖီဂျီဂိုး ရှေ့မှာ အကြိမ်ကြိမ်ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် ဖီဂျီနောက်ခံလူတွေနဲ့ ဂိုးသမားတို့ အစွမ်းပြခဲ့ပါတယ်။ ပွဲချိန်(၈၂) မိနစ်မှာလည်း ဇွန်မိုးအောင်ရဲ့ ဖြတ်တင်ဘောကို နေလင်းထွန်း အပိုင် ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာ ကြောင့် မြန်မာတို့ နစ်နာခဲ့ရပြီး ပွဲအပြီးမှာတော့ ဂိုးမရှိသရေ ကျခဲ့ပါတယ်။

Soccer Myanmar

0 comments:

Post a Comment