Pages

Subscribe:

Saturday, February 21, 2015

မိန့်ဇ် - ဖရန့်ဖတ် (စနေည ၉း၀၀)



'Best Of Three 3'
Written by  Mizzima News
ယနေ့ညတွင် ယှဉ်ပြိုင်ကစားကြမည့် ဥရောပလိဂ် ပွဲစဉ်များထဲမှ အကောင်းဆုံး (၃) ပွဲကို မဇ္ဈိမ မှ ရွေးချယ်တင်ဆက်ပေးလိုက်ပါသည်။
မိန့်ဇ် - ဖရန့်ဖတ် (စနေည ၉း၀၀)

*မိန့်ဇ်ရဲ့ နည်းပြ အပြောင်းအလဲ ကာလပါ။ ဒေါ့တ်မွန်အသင်းကို ၄ - ၂ ဂိုးနဲ့ ရှုံးသွားခဲ့ပြီးတဲ့နောက် သူတို့ရဲ့ နည်းပြ ဂျူလ်မန်း ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ ယူ-၂၃ အသင်းနည်းပြ မာတင်ရှမစ် က တာဝန်ယူသွားမှာပါ။ အသင်းရဲ့ တိုက်စစ်ကစားသမား ဟော့ဖ်မန်း တစ်ယောက် ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ ၅၀-၅၀ အနေအထားမှာ ရှိနေလို့ အသင်းရဲ့ တိုက်စစ်ကို ဂိုးပေါက်ပျောက်နေဆဲဖြစ်တဲ့ ဂျပန်တိုက်စစ်မှူး အိုကာဇာကီ ကပဲ ဦးဆောင်လာဖို့ ရှိနေပါတယ်။

*ပွဲပယ်ခံထားရတဲ့ ဂိုးသမား ကာရီးယက်စ်လည်း ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာပြီဖြစ်လို့ မိန့်ဇ်အသင်းရဲ့ ဂိုးပေါက်က အတိုင်းအတာ တစ်ခုအထိတော့ ပြန်လည် လုံခြုံလာမှာဖြစ်ပါတယ်။

*မိန့်ဇ်ဟာ သူတို့ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါနောက်ဆုံး ၁၃ ပွဲမှာ ၁၂ ပွဲအထိ နိုင်ပွဲပျောက်ခဲ့ပေမယ့် ဖရန့်ဖတ်နဲ့တွေ့တဲ့ သူတို့ရဲ့ နောက်ဆုံး အိမ်ကွင်းပွဲစဉ် (၈)ပွဲကို ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့လို့ မိန့်ဇ်ဟာ ဖရန့်ဖတ်နဲ့တွေ့တိုင်း ရလဒ်ကောင်းတတ်တယ်လို့ သုံးသပ်ရမှာပါ။

*ဖရန့်ဖတ်ကတော့ သူတို့ရဲ့ ဗဟိုနောက်ခံလူ နေရာမှာ ပွဲပယ်ပြစ်ဒဏ်က ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ ဇမ်ဘရာနို ကို အသုံးပြုမှာဖြစ်ပြီး ကွင်းလယ်အဖျက်နေရာမှာ မာကို ရပ်စ်ကို ပြန်တွေ့ရဖို့လည်း ရှိနေပါတယ်။

*ဖရန့်ဖတ်အသင်းနည်းပြ သောမတ်ရှဖ်ကတော့ သူ့အသင်းကို အများကြီး အပြောင်းအလဲလုပ်ဖို့ မရှိပဲ သူ့ရဲ့ အားထားရတဲ့ တိုက်စစ်အတွဲဖြစ်တဲ့ မီယာနဲ့ ဆာဖာရိုဗစ်တို့ အတွဲကို ပွဲထုတ်လာဦးမှာပါ။

သုံးသပ်ချက်


တန်းဆင်းဇုန်နဲ့ တစ်မှတ်အလိုမှာ ရောက်နေတဲ့ မိန့်ဇ်အသင်းအနေနဲ့ ဒီအချိန်မှာ ဒါဘီပွဲတစ်ပွဲနဲ့ ရင်ဆိုင်ရတာဟာ ခြောက်ခြားစရာပါပဲ။ “Rhein-Main-Derby” လို့ခေါ်တဲ့ မိန့်ဇ်နဲ့ ဖရန့်ဖတ်တို့ရဲ့ ဒါဘီပွဲဟာ ဂျာမနီရဲ့ အကျိတ်အနယ်ရှိတဲ့ ဒါဘီပွဲတွေထဲမှာ ပါဝင်ပါတယ်။ လက်ရှိအချိန်မှာ ဖရန့်ဖတ်က မိန့်ဇ်ထက် ကစားပုံ ပိုကောင်းနေတယ်ဆိုပေမယ့်လည်း အမှတ်လိုအပ်နေတဲ့အခြေအနေ၊ အိမ်ကွင်းအဖြစ်  ကစားရတဲ့အနေအထား၊ ဒါဘီပွဲတစ်ပွဲက ပရိသတ်တွေအတွက် ပျော်ရွှင်မှု၊ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာရထားတာ စတာတွေကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ဒီပွဲအတွက် မိန့်ဇ်က ပေးထားတဲ့ ၅၀ ဆိုတဲ့ ကြေးက မများဘူးလို့ ထင်ပါတယ်။ အမှတ်လိုနေတဲ့ မိန့်ဇ်ပဲ နိုင်သွားလိမ့်မယ်။

0 comments:

Post a Comment