Pages

Subscribe:

Monday, February 23, 2015

ကိုဗာဆစ်သည် အင်တာ၏ အနာဂတ်အတွက် အရေးပါသော ကစားသမားဟု မန်စီနီဆို



ကိုဗာဆစ်သည် အင်တာ၏ အနာဂတ်အတွက် အရေးပါသော ကစားသမားဟု မန်စီနီဆို

သုံးပွဲဆက်တိုက် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့သည့်တိုင် မက်တီယို ကိုဗာဆစ်သည် အင်တာမီလန်၏ အနာဂတ်တွင် အရေးပါသော ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲဟု နည်းပြ ရောဘတ်တို မန်စီနီက ပြောကြားခဲ့သည်။

အသက်(၂၀) အရွယ်သာ ရှိသေးသည့် ကွင်းလယ် တိုက်စစ် ကစားသမားလေးသည် စီးရီးအေ နောက်ဆုံးပွဲစဉ် နှစ်ခုအပြင် ဆဲလ်တစ်နှင့် ကစားသည့် ယူရိုပါလိဂ် ပွဲစဉ်တွင်ပါ ပွဲထွက် ကစားသမား အဖြစ်မှ ချန်လှပ်ခံခဲ့ရသည်။ အီတလီသား နည်းပြကြီး မန်စီနီက ကိုဗာဆစ်သည် တဟုန်ထိုး တိုးတက်နေဆဲ အသက်အရွယ်တွင်သာ ရှိသေးပြီး ယင်းအတွက် သတိကြီးစွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း ဆိုသည်။ “အသင်းက ကစားသမားတိုင်းလိုပဲ၊ ကိုဗာဆစ်လည်း ပထမ ဦးစားပေး ကစားသမားပဲ ဖြစ်ပါတယ်”ဟု မန်စီနီက မှတ်ချက်ပြုခဲ့သည်။

၎င်းက “ဒါပေမဲ့ သူ့ကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုးတက်လာစေဖို့ ခွင့်ပြုပေးထားရမယ်။ သူဟာ အနာဂတ် အင်တာအသင်းကို တည်ဆောက်ရာမှာ ပါဝင်မယ့် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ကိုဗာဆစ်က ထူးကဲထက်မြက်တဲ့ လူငယ်တစ်ယောက်ပါ။ အမြဲတမ်း အလုပ်ကြိုးစားနေလေ့ရှိတယ်။ တစ်ခါတစ်လေတော့လည်း အသက်(၂၀)အရွယ် လူငယ် တစ်ယောက်ဟာ နည်းဗျူဟာပိုင်း အတွေးအခေါ်တွေနဲ့ ပတ်သက်ရင် နည်းနည်း နားလည်ရ ခက်နေတာတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ သူ့အတွက် အခွင့်အရေးတွေ ရှိလာမှာပါ”ဟုလည်း ဆိုသည်။

မန်စီနီက “ကျွန်တော်တို့ ပွဲတွေ အများကြီး ကစားရဦးမှာပါ။ အသင်းမှာ ကစားသမားကောင်းတွေ ရှိနေသလို ခြေစွမ်းလည်း ပြနေကြတဲ့အတွက် လောလောဆယ် ရွေးချယ်စရာ အခြေအနေတွေက များပြားနေပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment