Pages

Subscribe:

Friday, February 20, 2015

ဆောက်သမ်တန် ခံစစ်မှူး အယ်လ်ဒါဝီရဲလ်ကို မန်စီးတီး စိတ်ဝင်စားနေ



ဆောက်သမ်တန် ခံစစ်မှူး အယ်လ်ဒါဝီရဲလ်ကို မန်စီးတီး စိတ်ဝင်စားနေ

မန်ချက်စတာ စီးတီးအသင်းသည် ဆောက်သမ်တန်က လက်ရှိ အငှားခေါ်ယူထားသည့် ဗဟိုနောက်ခံလူ တိုဘီ အယ်လ်ဒါဝီရဲလ်ကို ရာသီကုန်တွင် ကမ်းလှမ်း ဝယ်ယူသွားရန် ကြံစည်နေကြောင်း သိရှိရသည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် အယ်လ်ဒါဝီရဲလ်သည် နွေရာသီ ဈေးကွက်အတွင်းက ဆောက်သမ်တန်သို့ အငှားပြောင်းရွှေ့လာပြီး ခြေစွမ်းပြလျက် ရှိသည်။ အသက်(၂၅)နှစ်ရှိ ကစားသမားကို ရာသီကုန်ထိ အငှားခေါ်ယူပြီးနောက် ဆောက်သမ်တန်က ပေါင်စတာလင် (၆.၈)သန်းဖြင့် အပြီးသတ် ဝယ်ယူခွင့် ရှိနေသည်။ သို့သော်လည်း အယ်လ်ဒါဝီရဲလ်၏ မိခင်ကလပ်ဖြစ်သည့် စပိန်ချန်ပီယံ အက်သလက်တီကို မက်ဒရစ်က ဆောက်သမ်တန်ထံ နစ်နာကြေး ပေါင်စတာလင် (၁.၅)သန်း ပေးချေပြီး အဆိုပါ သဘောတူညီမှုကို ပယ်ဖျက်နိုင်မည် ဖြစ်သည်။

ယခုအခါ မန်စီးတီးက ပရီးမီးယားလိဂ်တွင် အထိုင်ကျပြီး ခြေစွမ်းပြနေသည့် အယ်လ်ဒါဝီရဲလ်ကို အလေးအနက် စောင့်ကြည့် လေ့လာလျက် ရှိသည်။ အယ်လ်ဒါဝီရဲလ်သည် မန်နေဂျာ ရော်နယ်လ် ကိုးမန်း၏ ဆောက်သမ်တန်အသင်း အမှတ်ပေးဇယားတွင် လူရိုသေရှင်ရိုသေအဆင့် ရပ်တည်နေနိုင်အောင် နောက်တန်း၌ စွမ်းစွမ်းတမံ ခုခံ ကာကွယ်မှုများ ပြုလုပ်ပြခဲ့သည်။ မန်စီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီ အနေဖြင့် ဗင်းဆင့်ကွမ်ပနီနှင့် တည်တည်ငြိမ်ငြိမ် တွဲဖက်နိုင်မည့် ဗဟိုခံစစ်မှူး တစ်ဦးကို ရှာဖွေနေဆဲ ဖြစ်သည်။ လက်ရှိ မန်စီးတီး ခံစစ်တွင် မာတင် ဒီမစ်ချယ်လစ်ရော၊ အီလိုင်ကွင်မ် မန်ဂါလာပါ ပယ်လီဂရီနီ စိတ်ကြိုက် အနေအထားမျိုး မကစားပြနိုင်သေးဘဲ ဖြစ်နေသည်။


အယ်လ်ဒါဝီရဲလ်သည် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းတွင် ကွမ်ပနီနှင့် တွဲဖက် ကစားနေကျဖြစ်ပြီး ယင်းအချက်က ၎င်းတို့နှစ်ဦး အစ်တီဟတ်တွင် လျင်လျင်မြန်မြန် နားလည်မှု တည်ဆောက်နိုင်စေဖွယ် ရှိနေသည်။ မန်စီးတီးသည် နွေရာသီ ဈေးကွက် ဖွင့်ချိန်တွင် ဆောက်သမ်တန် လိုက်မမီသည့် ပြောင်းရွှေ့ကြေးမျိုး ပေးချေကာ အယ်လ်ဒါဝီရဲလ်ကို ခေါ်ယူရန် အက်သလက်တီကိုထံ ချဉ်းကပ်သွားဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Soccer Myanmar

0 comments:

Post a Comment