Pages

Subscribe:

Friday, February 20, 2015

အသင်းလိုက် စုဖွဲ့မှုကို ကြည့်၍ ပွဲထွက်ကစား သမားရွေးချယ်သည် ဟု ဦးကြည်လွင်ပြော



အသင်းလိုက် စုဖွဲ့မှုကို ကြည့်၍ ပွဲထွက်ကစား သမားရွေးချယ်သည် ဟု ဦးကြည်လွင်ပြော

မြန်မာအသင်းနည်းပြ ဦကြည်လွင်သည် ကစားသမားတစ်ဦး ချင်းစီကို မကြည့်ပဲ အသင်းလိုက် စုဖွဲ့မှု ပုံစံကိုသာ ကြည့်ပြီး ကစားသမား များကိုနေရာ ပေးခဲ့ခြင်း ဖြစ်သည်ဟု သူ၏ လူထုတ်ပုံနှင့် ပတ်သက်၍ ပြောကြားသွားခဲ့သည်။


ဦးကြည်လွင် ကိုင်တွယ်သော မြန်မာယူ-၂၂ အသင်းသည် ပထမဆုံး နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ဖီဂျီယူ-၂၀ အသင်းနှင့် ပွဲစဉ်တွင် နိုင်ပွဲရရှိအောင် မစွမ်းဆောင် နိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းကို ပွဲချိန်ပြည့် ဖိအားပေး ကစားနိုင်ခဲ့သည်။ သို့သော် ၎င်း၏ ပွဲထွက်လူစာရင်းနှင့် လူးစားလဲမှုများကို ဝေဖန်မှုများ ရှိခဲ့ရာ ဦးကြည်လွင်က “ကျွန်တော် အသင်းရဲ့ ပွဲထွက်လူစာရင်းကို ရွေးချယ်တဲ့ နေရာမှာ ကစားသမားတစ်ယောက် ချင်းစီရဲ့ နာမည်ထက် အသင်းလိုက် စုဖွဲ့မှုကိုပဲ ကြည့်ပြီး ရွေးချယ်တာပါ။ ဘယ်ခြမ်းက မျိုးမင်းဇော်အနေနဲ့ အဆုံးသတ်ပိုင်းနဲ့ အခြားနေရာတွေ မှာလိုအပ်ချက်တွေ ရှိနေပေမယ့် သူရဲ့ ဘောလုံးလက်ခံမှု ရွှေ့လျားမှုတွေက ကောင်းပါတယ်။ ကျွန်တော့်အသင်းကို ပြင်ဆင်ချိန်သိပ်မရခဲ့တော့ လိုအပ်ချက်တွေရှိ နေသေးတာရယ် ကျွန်တော့်အနေနဲ့ ကျွန်တော့်အသင်းက ကစားသမားတွေ ရဲ့အကြောင်းပဲသိရှိသေး တယ်ဆိုတာကိုတော့ ၀န်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မကွေးအသင်းအတွက် ပဲပြင်ဆင်နေရတာ ကြောင့်အခြားအသင်းက ကစားသမားတွေအကြောင်းကို သိပ်မသိတာပါ”ဟု ပြောကြားခဲ့သည်။


ဦးကြည်လွင် ကိုင်တွယ်သော မြန်မာယူ-၂၂ အသင်း၏ ပွဲထွက်လူစာရင်းတွင် မကွေးအသင်းမှာ ကစားသမား လေးဦးအထိပါဝင်လာခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment