Pages

Subscribe:

Thursday, February 19, 2015

နောက်ကျပင်နယ်တီနဲ့ သရေတစ်မှတ် ယူနိုင်ခဲ့တဲ့ ပေါ်တို



နောက်ကျပင်နယ်တီနဲ့ သရေတစ်မှတ် ယူနိုင်ခဲ့တဲ့ ပေါ်တို

အိမ်ရှင်ဘေဆယ်က စောစောရထားတဲ့ဂိုးနဲ့ ဧည့်သည့်ပေါ်တိုကို ဦးဆောင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီး ပွဲချိန် ၇၉ မိနစ်မှာ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် သရေတမှတ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။ ပေါ်တိုကတော့ အိမ်ကွင်းမှာ ကန်ရတဲ့အခါ ဂိုးပြန်မပေးရတာနဲ့ နောက်တဆင့်တက်နိုင်မှာဖြစ်ပါတယ်။
ဘေဆယ်ဘက်က ဂွန်ဇာလက်၊ ဂါရှီ အစရှိတဲ့ အဓိက ကစားသမားတွေ ပွဲထွက်ပါဝင်ခဲ့ပြီး ဧည့်သည့် ပေါ်တိုကလည်း ဟာရဲယား၊ ကက်စ်မီးယား၊ ဘရာဟီမီ စတဲ့သူတွေ အကုန်လုံးကို ပွဲထွက်စေခဲ့ပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာ ဖရေးရဲ့ ပေးပို့မှုကတဆင့် ဂွန်ဇာလက်က သွင်းယူပေးခဲ့လို့ ဘေဆယ်အသင်း အဖွင့်ဂိုး ရခဲ့ပါတယ်။ ဒီဂိုးဟာ ဘေဆယ်ရခဲ့တဲ့ ပထမဆုံးကန်ချက်လည်းဖြစ်ပြီး ဂိုးအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ ပေါ်တိုနောက်တန်းလူတွေ ပေါ့လျာ့ခဲ့လို့ ပေးလိုက်ရတဲ့ဂိုးပါ။

ပေါ်တိုဘက်က တိုက်စစ်မှူး တယ်လိုရဲ့ဂိုးကို စည်းကြပ်ဒိုင် ခွင့်မပြုခဲ့လို့ ပေါ်တိုဆက်လက်ရုန်းကန် ခဲ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘေဆယ်ဟာ အဖွင့်ဂိုး ယူသွားနိုင်ပြီးတဲ့နောက်ပိုင်း တိုက်စစ်က သိသိသာသာ လျော့ကျသွားခဲ့ပြီး တစ်ပြိုင်နက်မှာပဲ ပေါ်တိုရဲ့ ကစားပုံက ပိုမိုမြန်ဆန်ပြီး ဂိုးပေါက်ခြိမ်းခြောက် လာနိုင်ခဲ့ပါတယ်။

ပွဲစပြီး ၁၁ မိနစ်မှာ ပေါ်တို ဂိုးပေးလိုက်ရပေမယ့် ပွဲပြီးဖို့ ၁၁ မိနစ်အလိုမျာ ပေါ်တိုဂိုးပြန်ရခဲ့ပါတယ်။ ဝေါ်လ်တာရဲ့ထိုးဖောက်မှုကတဆင့် ဘေဆယ် ကစားသမား ဘောလုံးကိုလက်နဲ့ဟန့်တားတယ်ဆိုပြီး ကွင်းလယ်ဒိုင် ကလက်တန်ဘက်က ပင်နယ်တီပေးခဲ့ပါတယ်။ ရလာတဲ့ ပင်နယ်တီကို ဒန်နီလိုက ဘယ်ဘက်ထောင့် ဂိုးပေါက်ထဲကို အပိုင်ကန်သွင်းပြီး ချေပဂိုး ရယူခဲ့ပါတယ်။

ထူးခြားတာက အိမ်ရှင်ဘေဆယ်ဟာ ဒီပွဲမှာ အဖွင့်ဂိုးယူသွားတဲ့ ကန်ချက်တစ်ကြိမ်ကလွဲလို့ နောက်ထပ် ပေါ်တိုဂိုးပေါက်ကို ဘယ်လိုခြိမ်းခြောက်မှုမျိုးမှ မရှိတော့ပါပဲ။ ဘေဆယ်ဟာ တစ်ပွဲလုံးမှာ ဂိုးပေါက် တစ်ကြိမ်ပဲ ကန်ပြီး တစ်ဂိုးရသွားခဲ့တာဖြစ်ပါတယ်။ ဧည့်သည်ပေါ်တိုရဲ့ ဖိအားပေးမှုကသာ ပိုမိုပြင်းထန်ခဲ့ပြီး တစ်ပွဲလုံးမှာ ဂိုးပေါက်ကန်သွင်းချက် ၇ ကြိမ်လောက်ရှိခဲ့တာတွေ့ရပါတယ်။ ပေါ်တိုဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်လာတဲ့ နောက်ဆုံး ၁၃ ကြိမ်မှာ တစ်ကြိမ်ပဲ နိုင်ထားတဲ့ရလဒ်ဆိုးကနေ ရုန်းထွက်ဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

ဒီနှစ်ချန်ပီယံလိဂ် ဘောလုံးရာသီမှာ ရှစ်ပွဲကစားထားပြီး ရှုံးပွဲမရှိသေးတဲ့စံချိန်ကို ရရှိထာတဲ့ ပေါ်တိုဟာ စံချိန်တကို ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment