Pages

Subscribe:

Tuesday, February 17, 2015

ဘာစီလိုနာ၏ အလှည့်ကျ ပွဲထုတ်မှု နည်းစနစ်ကို နောက်ခံလူ ဘာထရာ ထောက်ခံ



ဘာစီလိုနာ၏ အလှည့်ကျ ပွဲထုတ်မှု နည်းစနစ်ကို နောက်ခံလူ ဘာထရာ ထောက်ခံ

လက်ရှိ ဘာစီလိုနာအသင်း ကျင့်သုံးနေသည့် အလှည့်ကျ နည်းစနစ်ကို နှစ်သက် ကျေနပ်မိကြောင်း နောက်ခံလူ မက်ဘာထရာက ထုတ်ဖော် ပြောကြားလိုက်သည်။


စပိန်လက်ရွေးစင် ဘာထရာက အသင်း၏ လက်ရှိ စွမ်းဆောင်ရည် တိုးတက်လာမှုများတွင် နည်းပြ လူးဝစ် အန်ရီကေး၏ အလှည့်ကျ ကစားသမား အသုံးပြုမှု နည်းစနစ်က အရေးပါကြောင်း ဆိုသည်။ ဘာစီလိုနာသည် တိုက်စစ်မှူး လီယွန်နယ် မက်ဆီ၏ Hat-Trick ဂိုးများ အပါအဝင် လီဗန်တေးကို (၅-၀)ဖြင့် အနိုင်ရခဲ့ရာ ပြိုင်ပွဲစုံ နောက်ဆုံး (၁၁)ပွဲဆက်တိုက် အနိုင်ရရှိမှုလည်း ဖြစ်လာသည်။ အဆိုပါ ပွဲစဉ်တွင် အန်ရီကေးသည် ဗီလာရီးယဲလ်နှင့် ကစားသည့် ကိုပါဒယ်လ်ရေးပွဲစဉ် လူစာရင်းမှ (၈)နေရာကို အပြောင်းအလဲ ပြုလုပ်ပြီး လီဗန်တေးကို ရင်ဆိုင်ခဲ့သည်။


မက်ဆီ၏ ဒုတိယဂိုးကို အကွက်ဆင် ဖန်တီးပေးခဲ့သည့် ဘာထရာက ကစားသမားများကို အလှည့်ကျ အသုံးပြုသည့် အန်ရီကေး၏ စိတ်ကူးစိတ်သန်းက ဘာစီလိုနာ၏ ဆုဖလားများ ဆွတ်ခူးရယူရေး မျှော်လင့်ချက်ကို အထောက်အပံ့ ဖြစ်စေမည်ဟု ဆိုသည်။ “ကြီးမားတဲ့ ဒီနိုင်ပွဲဟာ ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးကွင်းမှာ ကြိုးကြိုးစားစား လုပ်ဆောင်မှုတွေရဲ့ ရလဒ်လည်း ဖြစ်ပါတယ်။ အခုဆို ကစားသမားတိုင်းဟာ အသင်းရဲ့ ကောင်းမွန်တဲ့ ဖြတ်သန်းမှုမှာ အစိတ်အပိုင်း အနေနဲ့ ပါဝင်ရတယ်လို့ ခံစားမိနေပြီ”ဟု ဘာထရာက ဖွင့်ဟခဲ့သည်။


၎င်းက “အရေးအကြီးဆုံးက ဘယ်လူစာရင်းနဲ့ ခင်းကျင်းတာပဲဖြစ်ဖြစ် အသင်းဟာ ပွဲတစ်ပွဲစီကို တူညီတဲ့ အဆင့်အတန်း စွမ်းဆောင်ရည်မျိုးနဲ့ ကစားနေနိုင်တာပါပဲ။ ဒါမှမဟုတ် ပိုကောင်းလာတာ ဖြစ်ကောင်းဖြစ်မယ်။ တကယ်လို့ နည်းပြက ကျွန်တော့်ကို လိုအပ်မယ်ဆိုရင် ကျွန်တော်က သူ့အခေါ်ကို စောင့်နေဖို့ အသင့်ပါ။ ကျွန်တော်က အချိန်တိုင်း အသင်းကို ကူညီပေးနေချင်တာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment