Pages

Subscribe:

Tuesday, February 17, 2015

ကော်စတာနှင့် အားပြိုင်ရန် အသင့်ရှိနေကြောင်း PSG ခံစစ်မှူး ဆေးလ်ဗား ပြောကြား



ကော်စတာနှင့် အားပြိုင်ရန် အသင့်ရှိနေကြောင်း PSG ခံစစ်မှူး ဆေးလ်ဗား ပြောကြား

ချန်ပီယံလိဂ် ပွဲစဉ်တွင် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂို ကော်စတာနှင့် ထိပ်တိုက်အားပြိုင်ရန် အသင့်ရှိနေကြောင်း PSG နောက်ခံလူ သီယာဂို ဆေးလ်ဗားက ပြောကြားလိုက်သည်။


ပြင်သစ်ချန်ပီယံ PSGသည် လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူ ချယ်လ်ဆီးနှင့် ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်တွင် ထိပ်တိုက် တွေ့ဆုံနေသည်။ အဆိုပါ နှစ်သင်းသည် အင်္ဂါနေ့ညတွင် ပဲရစ်မြို့ရှိ ပါ့က်ဒီပရင့်စ် ကွင်းကြီး၌ ပထမအကျော့ ကစားကြမည်ဖြစ်ရာ ချယ်လ်ဆီး၏ လက်ရှိ ဂိုးသွင်းစက်ဖြစ်သူ ကော်စတာကို ထိန်းချုပ်ရန် ဆေးလ် ဗားက ပြင်ဆင်နေသည်။ ဆေးလ်ဗားသည် ဘရာဇီးလ် လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်ပြီး ကော်စတာကမူ ဘရာဇီးလ် လက်ရွေးစင် အဖြစ်မှ စပိန်လက်ရွေးစင် ဘဝသို့ ကူးပြောင်းခံယူထားသူ ဖြစ်သည်။


ဆေးလ်ဗားက “ကော်စတာက လက်ရှိ အချိန်မှာတော့ ဥရောပရဲ့ ထိပ်တန်း အကောင်းဆုံးအဆင့် တိုက်စစ်မှူး တစ်ယောက်ပါ။ ဒီပွဲမှာ သူဝင်ကစားနိုင်ပါတယ်။ သူဟာ ကျွန်တော်တို့နဲ့ တိုက်ပွဲတစ်ခု ဆင်နွှဲရတာမျိုးလည်း ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဒါက ပြဿနာ တစ်ရပ်တော့ မဟုတ်ဘူး။ ဒီအဆင့်မျိုးမှာ ကစားပြီ ဆိုကတည်းက ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင် အားပြိုင်ချင်လို့ပဲလေ။ သူက ဒီပွဲမှာ သူ့ရပ်တည်မှု၊ သူ့နေရာကို ပြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ကိုယ့်ရပ်တည်မှု ဘာဆိုတာ သူ့ကို ပြန်ပြီး ပြသသွားမှာပါ”ဟု ပြောကြားခဲ့သည်။


ယခုပွဲတွင် PSG ခံစစ်မှူး ဒေးဗစ်လုဇ်သည် အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်မည်ဖြစ်ပြီး PSG တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်သည် အင်တာမီလန်တွင် လက်တွဲဖူးသည့် ဆရာဟောင်း ဟိုဆေးမော်ရင်ဟိုကို ပြိုင်ဘက်အသွင် ရင်ဆိုင်တွေ့မည် ဖြစ်သည်။ ဆေးလ်ဗားက “မော်ရင်ဟိုက အီဘရာဟီမိုဗစ်ရဲ့ အားသာချက်တွေ၊ အရည်အသွေးတွေကို သေချာပေါက် သိနေမှာပဲ။ သူတို့ချင်း အင်တာမှာ အတူတွဲ အလုပ်လုပ်ဖူးတယ်လေ။ အီဘရာဟီမိုဗစ်ကို တားဆီးဖို့ ချယ်လ်ဆီးမှာ အစီအမံတွေ ရှိနေမယ် ဆိုတာကို ကျွန်တော် ပြောရဲတယ်။ ဒါပေမဲ့ အီဘရာဟီမိုဗစ်ဟာ ဘယ်အနေအထားကမဆို ရအောင် ဂိုးသွင်း တတ်မှန်း မော်ရင်ဟို သိပါလိမ့်မယ်။ ဒါကိုတော့ ဘယ်လိုမှ ကြိုတင်ပြင်ဆင် တားဆီးလို့ မရနိုင်ဘူး။ မော်ရင်ဟိုရဲ့ အသင်းဟာ စုစည်းမှု အရမ်းအားကောင်းတာကို ကျွန်တော်တို့ နားလည်ထားပြီးသားပါ။ ပဲရစ်မှာတော့ သူတို့ဟာ တိုက်စစ်ဖွင့် ကစားမယ်လို့ မျှော်လင့် မထားဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အာရုံ မပျံ့လွင့်ဖို့ လိုတယ်။ သူတို့မှာ တန်ပြန်တိုက်စစ် ကစားရင် အရမ်း အန္တရာယ် ပေးနိုင်တဲ့ ကစားသမားတွေ ရှိနေတယ်။ ကော်စတာအပြင် အော်စကာ၊ အီဒင်ဟာဇက်တို့ဟာ စက္ကန့်တစ်ခုစီတိုင်းမှာ ပြိုင်ဘက်ကို ထိုးနှက်လာနိုင်တယ်။ ဒါကြောင့် တစ်ပွဲလုံး ကျွန်တော်တို့ အာရုံစူးစိုက်ထားဖို့ လိုပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment