Pages

Subscribe:

Tuesday, February 24, 2015

ပီယာလိုသည် မိမိ၏ စံပြကစားသမား ဖြစ်ကြောင်း အူဘာမီယန် ဖွင့်ဟ



ပီယာလိုသည် မိမိ၏ စံပြကစားသမား ဖြစ်ကြောင်း အူဘာမီယန် ဖွင့်ဟ

အင်္ဂါနေ့တွင် တူရင်၌ ဂျူဗင်တပ်စ်နှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲ မတိုင်မီ အန်ဒရီယာ ပီယာလိုသည် မိမိ၏ စံပြကစားသမား ဖြစ်ကြောင်း ဘိုရပ်ရှားဒေါ့မွန် ကွင်းလယ်ကစားသမား ပီယာရီ အမ်မာရစ် အူဘာမီယန်က ပြောကြားလိုက်သည်။

အဆိုပါ ဂါဘွန် လက်ရွေးစင် ကစားသမားသည် အေစီမီလန် လူငယ်အကယ်ဒမီထွက် ဖြစ်သည်။ ၎င်းသည် စီးရီးအေတွင် ကစားခဲ့သည့် ၄ နှစ်အတွင်း စီနီယာအသင်း၌ တစ်ပွဲမှ ပါဝင်ကစားခဲ့ရခြင်း မရှိဘဲ အငှားကစားသမား အနေဖြင့် အချိန်ကုန်ဆုံး ခဲ့ရသည်။ သို့သော်လည်း မိမိအနေဖြင့် ဆန်စီရိုတွင် နေထိုင်ခဲ့ရသည့် အချိန်များကို အမှတ်ရနေဆဲဖြစ်ကြောင်း အူဘာမီယန်က ဆိုခဲ့သည်။

“ကျွန်တော် ပီယာလိုနဲ့ မီလန်မှာကတည်းက သိကျွမ်းခဲ့တာပါ။ သူက ကျွန်တော့်ရဲ့ စံပြကစားသမားလည်း ဖြစ်ပါတယ်။ အခုလို အန်ဒီရီယာ၊ ဘူဖွန်တို့လို ကစားသမားတွေနဲ့ ရင်ဆိုင်ရမယ့်အတွက် ဂုဏ်ယူမိပါတယ်” ဟု အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးက ပြောကြားခဲ့သည်။

ဒေါ့မွန်သည် ပြည်တွင်းပြိုင်ပွဲများတွင် ၃ ပွဲဆက် အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိတွင် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၁၂ တွင် ရပ်တည်လျက်ရှိပြီး အသင်းတွင်လည်း ယုံကြည်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်သည်။ သို့သော်လည်း ဒေါ့မွန်အနေဖြင့် ဂျူဗင်တပ်စ်ကို အနိုင်ရရှိရန် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရလိမ့်မည် ဖြစ်ကြောင်း အူဘာမီယန်က ဆိုခဲ့သည်။

“ကျွန်တော်တို့ ၃ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပါတယ်။ ဒါဟာ အသင်းအတွက် သိပ်ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ တူရင်မှာ ကစားရမယ့်ပွဲဟာ ခက်ခဲပါလိမ့်မယ်။ ဂျူဗင်တပ်စ်က အခုအချိန်မှာ အီတလီရဲ့ အကောင်းဆုံးအသင်းပါ။ သူတို့က ဘယ်ပြိုင်ဘက်အသင်းကိုမဆို အနိုင်ယူနိုင်ပါတယ်” ဟု ဒေါ့မွန်တိုက်စစ်မှူးက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment