Pages

Subscribe:

Sunday, February 15, 2015

ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲတွင် ခြေစွမ်းပြခဲ့သည့် မာရီယိုဘာလော့တယ်လီကို ဘရန်ဒန်ရော်ဂျာ ချီးကျူး



ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲတွင် ခြေစွမ်းပြခဲ့သည့် မာရီယိုဘာလော့တယ်လီကို ဘရန်ဒန်ရော်ဂျာ ချီးကျူး

တော့တင်ဟမ်ကို အနိုင်ရခဲ့သည့် ပွဲတွင် နောက်ကျအနိုင်ဂိုး သွင်းယူခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရကာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် ပွဲ၌ ခြေစွမ်းပြသခဲ့သည့် မာရီယို ဘာလော့တယ်လီကို ဘရန်ဒန်ရော်ဂျာက ချီးကျူးပြောကြားမှုတစ်ရပ် ပြုလုပ်ခဲ့သည်။


အဆိုပါပွဲတွင် ဘာလော့တယ်လီသည် ဒုတိယပိုင်းတွင် ကစားခဲ့ပြီး ၄၉ မိနစ်တွင် အဖွင့်ဂိုးသွင်းယူခဲ့သည့် ဒန်နီရယ် စတားရစ်ခ်ျနှင့် တွဲဖက်ကစားခဲ့သည်။ ထို့အပြင် ၅၈ မိနစ်တွင် ဘာလော့တယ်လီ၏ အလွတ်တည်ကန်ဘောကို ဂျူလီယန် စပီရိုနီ ပုတ်ထုတ်ရာမှ လယ်လာနာက ကွာတားဖိုင်နယ် တက်ရောက်စေမည့် အနိုင်ဂိုးကို သွင်းယူခဲ့သည်။


ပွဲအပြီးတွင် ရော်ဂျာက “နောက်ဆုံးမှာ မာရီယိုက နားလည်သဘောပေါက်သွားပါပြီ။ သူက အခုဆိုရင် လေ့ကျင့်ခန်းကို အကောင်းဆုံး လုပ်သလို အလုပ်အပေါ်မှာလည်း အာရုံစိုက်နေပါပြီ။ တော့တင်ဟမ်နဲ့ပွဲမှာ သူ အနိုင်ဂိုး သွင်းယူခဲ့ပြီးတဲ့နောက် ဒီနေ့မှာလည်း လူစားဝင်ကစားပြီး အကောင်းဆုံး စွမ်းဆောင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ဆက်လက်ပြီး ငါးလအကြာ အနားယူခဲ့ရပြီးနောက် ဒုတိမြောက်ဂိုး သွင်းယူခဲ့သည့် စတားရစ်ခ်ျကိုလည်း ရော်ဂျာက ချီးကျူးခဲ့သည်။


“ဒန်နီရယ်က အကောင်းဆုံးပုံစံ ပြန်ရဖို့ ကြိုးပမ်းနေသူပါ။ ဒီပွဲမှာ သူ့ရဲ့ အရည်အသွေးတွေကို မြင်တွေ့နိုင်ပါတယ်။ သူ့အတွက်က အခွင့်အရေးတွေ အများကြီး ရစရာ မိုပါဘူး။ သူက တကယ့်ကို ထက်မြက်သူပါ။ အသင်းမှာ သူပြန်လည် ပါဝင်ကစားနိုင်ခဲ့တဲ့နောက် အသင်းရဲ့ ကစားပုံ ပိုကောင်းလာခဲ့ပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။


ထို့အပြင် ပဲလေ့စ် မန်နေဂျာ အလန်ပါဂျူးက ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းသည် အခွင့်အရေးကို လက်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော် လီဗာပူးလ်က အနိုင်ရလဒ်နှင့် ထိုက်တန်ကြောင်း ဆိုခဲ့သည်။“ဒီနေ့မှာ ကျွန်တော်တို့က လီဗာပူးလ်ကို လုံလောက်တဲ့ ဖိအားတွေ မပေးနိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ အခွင့်အရေးကောင်း တစ်ကြိမ်ရခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံ ဒီထက်ပိုကောင်းခဲ့သင့်တာပါ။ အခွင့်အရေး လက်လွှတ်ခဲ့ရတယ်လို့ ခံစားရပေမယ့် ကျွန်တော် စိတ်မပျက်ပါဘူး။ လီဗာပူးလ်က အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment