Pages

Subscribe:

Tuesday, February 24, 2015

မိုနာကိုနှင့် ချန်ပီယံလိဂ် ပွဲစဉ်ကို လျှော့တွက်၍ မရနိုင်ဟု ဝင်းဂါး မှတ်ချက်ပြု



မိုနာကိုနှင့် ချန်ပီယံလိဂ် ပွဲစဉ်ကို လျှော့တွက်၍ မရနိုင်ဟု ဝင်းဂါး မှတ်ချက်ပြု

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် တွေ့ဆုံမည့် မိုနာကို အသင်းကို လျှော့တွက်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက သတိပေး ပြောကြားခဲ့သည်။

ပြင်သစ် ကလပ်သည် ဗုဒ္ဓဟူးနေ့တွင် ပထမအကျော့အဖြစ် အမ်းမရိတ်စ်၌ လာကစားမည်ဖြစ်ပြီး ခံစစ်ကို ကျစ်လစ် သိပ်သည်းစွာ ပြင်ဆင်လာဖွယ် ရှိနေကြောင်း ဝင်းဂါးက ယူဆထားသည်။ (၁၉၈၇)ခုနှစ်မှ (၁၉၉၄)ခုနှစ်ထိ ၎င်းကိုင်တွယ်ဖူးသည့် အသင်းဟောင်းနှင့် ပြန်လည် ရင်ဆိုင်ရမည့် ပွဲစဉ်တွင် ကွာတားဖိုင်နယ် တက်ရောက်ရန် နှစ်သင်းစလုံး ဆတူ အခွင့်အရေး ရှိနေသည်ဟု ဝင်းဂါးက လက်ခံထားပြီး အာဆင်နယ် အနေဖြင့် နောက်တစ်ဆင့် တက်ရေး လက်တွေ့ ကြိုးစား လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဖွင့်ဟခဲ့သည်။

“အခြေခံ အားဖြင့်တော့ ကျွန်တော်တို့ အသင်းရဲ့ စိတ်ဓာတ်ကောင်းကို ဆက်ထိန်းထားဖို့ လိုပါတယ်။ အသင်းဟာ အဆင့်တစ်ခု မြင့်တက်လာပါပြီ။ ရလဒ်ကောင်းတွေကို ကျွန်တော်တို့ ရှာဖွေရပါမယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်ဟာ အရမ်းခက်ခဲ ကြမ်းတမ်းလာပါတယ်။ အသင်းတိုင်းမှာ နောက်တစ်ဆင့်တက်ဖို့ (၅၀)ရာခိုင်နှုန်းစီ အခွင့်အရေး ရှိလာတယ်။ မိုနာကိုဟာ ခံစစ်ကစားပုံ အရမ်းမာကျော ကျစ်လစ်မှန်း ကျွန်တော်တို့ သိထားပါတယ်။ သူတို့ဟာ အုပ်စုအဆင့်မှာ အသင်းကောင်းတွေကို ပေးဂိုးမရှိဘဲ ခံကစားနိုင်ခဲ့တယ်။ ဒီအချက်က ပွဲအပေါ် အပြောင်းအလဲတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါပေမဲ့ ရလဒ်အရ ဘာမဆို ဖြစ်သွားနိုင်တဲ့ ပွဲစဉ်မျိုးပါ”ဟု ဝင်းဂါးက ဆိုသည်။

၎င်းက “အခြေအနေက (၅၀း၅၀)ပါပဲ။ မိုနာကိုဟာ လက်ရှိမှာ ကျွန်တော်တို့နဲ့ အနေအထားတူ ရပ်တည်နေပါတယ်။ လိဂ်ပြိုင်ပွဲမှာ နေရာကောင်းကို ပြန်တက်လှမ်းလာခဲ့ပြီး သူတို့ရဲ့ စိတ်ဓာတ်ရေးရာ အနေအထားက မြင့်တက်နေမှာပါ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment