Pages

Subscribe:

Sunday, February 22, 2015

အယ်လ်ချီ - ရီးယဲလ် (နံနက် ၂း၃၀)



Best Of Three 3
Written by  Mizzima News

တနင်္ဂနွေဟာ များသောအားဖြင့် ပုံမှန် မဟုတ်တဲ့ ရလဒ်တွေ ထွက်လာတတ်ပေမယ့် အကောင်းဆုံး (၃) ပွဲကို ပရိသတ်ကြီးအတွက်
ရွေးထုတ်ပေးလိုက်ပါတယ်ဗျာ…။ အဆင်ပြေကြပါစေ။

အယ်လ်ချီ - ရီးယဲလ် (နံနက် ၂း၃၀)

*လာလီဂါ ၂ ပွဲဆက် နိုင်ပွဲရထားတဲ့ အယ်လ်ချီအသင်းမှာ အဓိက ကစားသမားတွေ ဒဏ်ရာ ကင်းစင်နေပြီး အသင်းနည်းပြ အက်စ်ခရီဘာ အနေနဲ့လည်း ပုံစံကောင်းရနေတဲ့ အသင်းရဲ့ လူထုတ်ပုံကို အပြောင်းအလဲလုပ်ဖို့ မရှိပါဘူး။.

*အယ်လ်ချီရဲ့ တိုက်စစ်မှာ ဒီရာသီ အသင်းအတွက် (၉) ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ ဂျိုနသက်စ် ကိုတွေ့ရမှာဖြစ်ပြီး ကွင်းလယ်တိုက်စစ်နေရာတွေမှာတော့ ရိုဒရီဂွက်ဇ်၊ ဖာရ် နဲ့ အာရွန် တို့နဲ့ ပွဲထွက်လာပါဦးမယ်။

*ရီးယဲလ်အသင်းမှာတော့ ဒဏ်ရာရနေတဲ့ နောက်ခံလူ ရာမို့စ် ပါဝင်နိုင်ဦးမှာမဟုတ်လို့ အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ ပီပီနဲ့ ဗာရာနီတို့ အတွဲကိုတွေ့ရပါလိမ့်ဦးမယ်။ ရှော်လ်ကေးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ကာဗာဂျယ်ရဲ့ နေရာမှာတော့ အာဘီလိုအာ ပွဲထွက်လာဖို့ များနေပြီး ကွင်းလယ်မှာတော့ အီလာရာမန်ဒီက တိုနီခရူးစ်၊ အစ္စကိုတို့နဲ့ အတူ ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

*ရီးယဲလ်ဟာ သူတို့ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲ (၂၀) မှာ (၁၈) ပွဲအထိ အနိုင်ရအောင် ကစားထားနိုင်ခဲ့ပြီး အယ်လ်ချီအသင်းနဲ့ (၃) ကြိမ်တွေ့ဆုံခဲ့ဖူးရာမှာ (၃) ပွဲစလုံး အနိုင်ရထားပါတယ်။

သုံးသပ်ချက်

အယ်လ်ချီဟာ အိမ်ကွင်းပွဲစဉ်တွေမှာ အဆင့်တူ အသင်းတွေဆီက အမှတ်ရအောင် ယူတတ်ပေမယ့် အသင်းကြီးတွေကိုတော့ ဂိုးမပေးရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် (၂) ပွဲမှာ (၁၀) ဂိုးအထိ ပေးခဲ့ရတဲ့ အယ်လ်ချီအသင်းဟာ ဒီပွဲစဉ်မှာလည်း ရော်နယ်ဒို၊ ဘေးလ်နဲ့ ဘန်ဇီမာတို့ရဲ့ တိုက်စစ်ပိုင်းကို ထိန်းချုပ်နိုင်ဦးမယ့်ပုံ မပေါ်ပါဘူး။ မနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ရှုံးပွဲကြုံသွားတဲ့ ဘာစီလိုနာကြောင့် ရီးယဲလ်တို့ အမှတ်ကွာဟမှုကို ပိုများလာဖို့ ကြိုးစားမှာဖြစ်ပြီး နှစ်ဂိုးသွင်းမှာ ရီးယဲလ်က ၅၀ နိုင်မယ်ဆိုပေမယ့် ဒီပွဲမှာ ရီးယဲလ်တိုက်စစ်က ၂ ဂိုးထက်ပိုသွင်းနိုင်မယ်လို့ ယုံကြည်နေတယ်။

0 comments:

Post a Comment