Pages

Subscribe:

Sunday, February 22, 2015

ဗီရိုနာ - ရိုးမား (ည ၈း၃၀)



Best Of Three 2
Written by  Mizzima News

တနင်္ဂနွေဟာ များသောအားဖြင့် ပုံမှန် မဟုတ်တဲ့ ရလဒ်တွေ ထွက်လာတတ်ပေမယ့် အကောင်းဆုံး (၃) ပွဲကို ပရိသတ်ကြီးအတွက်
ရွေးထုတ်ပေးလိုက်ပါတယ်ဗျာ…။ အဆင်ပြေကြပါစေ။

ဗီရိုနာ - ရိုးမား (ည ၈း၃၀)

*ဗီရိုနာ အသင်းနည်းပြ မန်ဒိုလီနီကတော့ ဒီပွဲမှာ သူအားသန်နေတဲ့ ၄-၃-၃ ကစားကွက်ကို ဆက်သုံးဖို့ရှိနေပြီး တိုက်စစ်မှာ ခရစ္စတိုဒိုလိုပူးလော့စ်၊ တိုနီနဲ့ ဂိုမက်ဇ် တို့တိုက်စစ်အတွဲကို သုံးပါလိမ့်မယ်။ ဗဟို နောက်ခံလူ နေရာမှာ ဘာစီလိုနာ နောက်ခံလူဟောင်းကြီး ရာဖေးမားကွက်ဇ်ကို ပြန်မြင်ရဖို့ရှိနေပြီး နောက်ဆုံး (၃) ပွဲမှာ (၁၀) ဂိုးအထိ ပေးထားရတဲ့ ခံစစ်ကြောင်းကို ပြုပြင်ဖို့က မန်ဒိုလီနီအတွက် အဓိက  လုပ်ငန်းစဉ်ဖြစ်လာမှာပါ။

*ဗီရိုနာရဲ့ တိုက်စစ်မှာ အာဂျင်တီးနားရဲ့ အသိုးကြီး ဆာဗီယိုလာနဲ့ ဥရုဂွေးရဲ့ လူငယ်တိုက်စစ်မှူး နီကိုလိုပက်ဇ် တို့ရှိနေကြပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူးနေရာကိုတော့ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ တိုနီကသာ နေရာယူထားဆဲပါ။

*ရိုးမားအသင်းမှာတော့ နောက်ခံလူတွေဖြစ်ကြတဲ့ ဘယ်လ်ဇာရက်တီ၊ မိုင်ကွန်၊ ကာစတန် တို့ ဒဏ်ရာရနေကြပြီး ကွင်းလယ် ကစားသမားတွေဖြစ်ကြတဲ့ စထရုမန်း၊ အီတာဘီ၊ အိုင်ဘာဘိုတို့ကလည်း ပါဝင်နိုင်ဖို့ မရှိသေးပါဘူး။

*ရိုးမားနည်းပြ ရူဒီဂါစီယာရဲ့ ကစားသမား နေရာချထားမှုဟာ အရှုပ်အရှင်းတွေ ရှိနေဆဲဖြစ်ပြီး ညာနောက်ခံ နေရာနဲ့ ညာတောင်ပံတိုက်စစ်နေရာတွေ မှာ ကစားနေရတဲ့ တိုက်စစ်ကစားသမား ဖလော်ရန်ဇီကိုယ်တိုင်က သူ့ရဲ့ နေရာအစစ်အမှန်ကို မသိတော့ဘူးလို့ ဝန်ခံရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

*စီးရီးအေပြိုင်ပွဲရဲ့ နောက်ဆုံးကစားခဲ့တဲ့ (၆) ပွဲမှာ (၅) ပွဲသရေကျထားတဲ့ ရိုးမားအသင်းဟာ ဗီရိုနာအသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၇) ကြိမ်မှာတော့ (၆) ကြိမ်အထိ အနိုင်ရထားပါတယ်။

*ဒီပွဲစဉ်မှာတော့ ရိုးမားရဲ့ တိုက်စစ်ကစားသမားတွေအဖြစ် ဂါဗင်ဟို၊ တော့တီနဲ့ ဂျာဂျစ်တို့က အသုံးတော်ခံကြမှာဖြစ်ပြီး ယူရိုပါလိဂ်တုန်းက ပွဲပန်းထားတဲ့ ဒဏ်ကိုတော့ နည်းနည်း ခံရပါဦးမယ်။

သုံးသပ်ချက်

ပြီးခဲ့တဲ့ တစ်ပတ်က Best Of Three ထဲမှာ ရိုးမား ပါခဲ့ပြီး ကျွန်တော်တို့ကို ဒုက္ခပေးခဲ့ကြတာ သတိရဦးမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာလည်း ရိုးမားရဲ့ ဆွဲဆောင်မှုကနေ ရုန်းမထွက်နိုင်ခဲ့ပြန်ပါဘူး။ လက်ရှိအခြေအနေတွေအရတော့ ဒါဟာ ကစားပုံပျက်နေတဲ့ အသင်း နှစ်သင်း တွေ့နေကြတာဖြစ်ပါတယ်။ စီးရီးအေ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက ရိုးမားဟာ သူ့နောက်မှာ လိုက်နေတဲ့ နာပိုလီအသင်းကို ၅ မှတ်ဖြတ်ထားနိုင်ဆဲဖြစ်လို့ စိတ်သက်သက်သာသာ ရှိနေပေမယ့် တန်းဆင်းဇုန်နဲ့ ၄ မှတ်အကွာမှာရှိနေပြီဖြစ်တဲ့ ဗီရိုနာကတော့ဖိအားဝင်နေပါပြီ။ နိုင်ပွဲတစ်ပွဲလိုအပ်နေတဲ့ ဖိအားဒဏ်ကို ရိုးမားထက် ဗီရိုနာက ပိုခံနေရတယ်လို့ သုံးသပ်ရပြီး ရိုးမားက တစ်ဂိုးသွင်းရင် ၅၀ နိုင်မယ့် အနေအထားမှာ ရိုးမားကို ရွေးထားချင်တယ်။

0 comments:

Post a Comment