Pages

Subscribe:

Thursday, February 26, 2015

နိုက်ဂျီးရီးယား၏ စိတ်ဝင်စားမှုကြောင့် အိုင်ဘီကို အင်္ဂလန် လက်ရွေးစင်အသင်းတွင် အလျင်အမြန် နေရာပေးဖွယ်ရှိ



နိုက်ဂျီးရီးယား၏ စိတ်ဝင်စားမှုကြောင့် အိုင်ဘီကို အင်္ဂလန် လက်ရွေးစင်အသင်းတွင် အလျင်အမြန် နေရာပေးဖွယ်ရှိ

နိုက်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်၏ စိတ်ဝင်စားမှု အရိပ်အယောင်များကြောင့် ယော်ဒန်အိုင်ဘီကို အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အမြန်ဆုံး ရွေးချယ်ရန် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က ကြိုးပမ်းလာဖွယ် ရှိနေကြောင်း သိရသည်။

အသက်(၁၉)နှစ် အရွယ်ရှိ လူငယ်တောင်ပံ တိုက်စစ်သမားလေးသည် ဒါဘီကောင်တီတွင် အငှားထွက်ကစားရာမှ ပြန်လာပြီးနောက်ပိုင်း လီဗာပူးလ် ပထမအသင်းတွင် တောက်လျှောက် ခြေစွမ်းပြလျက် ရှိသည်။ ၎င်းသည် အင်္ဂလန် အသက်(၁၈)နှစ်အောက်၊ (၁၉)နှစ်အောက်နှင့် (၂၀)နှစ်အောက် လက်ရွေးစင် အသင်းများတွင် ပါဝင်ခဲ့ဖူးပြီး ယခုအခါ မန်နေဂျာ ဂါရတ်သ်ဆောက်သ်ဂိတ်၏ အသက်(၂၁)နှစ်အောက် အသင်းတွင် ရွေးချယ်ခံထားရသည်။ သို့သော်လည်း မိဘမျိုးရိုး ဆင်းသက်မှုအရ အိုင်ဘီသည် နိုက်ဂျီးရီးယား လက်ရွေးစင် အသင်းကို ကိုယ်စားပြုခွင့် ရှိနေရာ ယင်းကို နိုက်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်က စိတ်ဝင်စားလာခြင်း ဖြစ်သည်။

အိုင်ဘီ၏ ဖခင်သည် နိုက်ဂျီးရီးယားနွယ်ဖွား တစ်ဦးဖြစ်ရာ အာဖရိက ထိပ်တန်းအသင်းက ၎င်းတို့ကို ကိုယ်စားပြုရန် အိုင်ဘီ၏ ဖခင်ထံမှတစ်ဆင့် ချဉ်းကပ်လာဖွယ် ရှိနေသည်။ ထိုသို့သော အခြေအနေများကြောင့် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန် ကိုင်တွယ်နေသည့် အင်္ဂလန် အသင်းသည် အိုင်ဘီကို လက်ရွေးစင် ပွဲဦးထွက်ခွင့် အမြန်ဆုံး ပေးအပ်သွားဖွယ် ရှိနေသည်။ ဟော့ဂ်ဆန်သည် အိုင်ဘီ၏ တိုးတက် ဖြစ်ထွန်းမှုများကို တောက်လျှောက် စောင့်ကြည့်နေပြီး ဇွန်လတွင် ကစားမည့် အိုင်ယာလန်၊ ဆလိုဗေးနီးယားတို့နှင့် ပွဲစဉ်များတွင် အသင်းလူစာရင်း၌ ထည့်သွင်းရွေးချယ်သွားဖွယ် ရှီနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment