Pages

Subscribe:

Thursday, February 19, 2015

ဘာလော့တယ်လီနှင့် အတွဲညီညီ ကစားနိုင်မည်ဟု စတားရစ်ဂ်ျ ယုံကြည်



ဘာလော့တယ်လီနှင့် အတွဲညီညီ ကစားနိုင်မည်ဟု စတားရစ်ဂ်ျ ယုံကြည်

လီဗာပူးလ် တိုက်စစ်တွင် မိမိနှင့် မာရီယို ဘာလော့တယ်လီတို့ တွဲဖက်ညီညီ ခြေစွမ်းပြ ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ဒန်နီရယ်လ် စတားရစ်ဂ်ျက ပြောကြားခဲ့သည်။

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးသည် ဒဏ်ရာ အတိတ်ဆိုးများမှ လွတ်မြောက်လာပြီး ကြံ့ခိုင်မှုပိုင်း ပြန်လည် ပြည့်ဝလာခြင်းက အသင်းအတွက် သတင်းကောင်းတစ်ရပ် ဖြစ်လာသည်။ စတားရစ်ဂ်ျသည် ပေါင်နှင့် ခြေသလုံးကြွက်သား ဒဏ်ရာများ သက်သာ ပျောက်ကင်းလာပြီးနောက်ပိုင်း အသင်းအတွက် ပွဲချိန်မိနစ်(၉၀)ပြည့် တစ်ပွဲမျှ မကစားရသေးသည့်တိုင် (၂)ဂိုးသွင်းကာ ပံ့ပိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်ပေးထားသည်။ အီတလီ လက်ရွေးစင် ဘာလော့တယ်လီသည် အန်းဖီးလ်သို့ ရောက်လာကတည်းက ပရီးမီးယားလိဂ်တွင် တစ်ဂိုးသာ သွင်းယူနိုင်ပြီး ရုန်းကန်နေရသည့်တိုင် စတားရစ်ဂ်ျက ၎င်း၏ခြေစွမ်း ပြန်လည် တောက်ပလာပြီး မိမိနှင့် အတွဲညီညီ ကစားနိုင်မည်ဟု ယုံကြည်နေသည်။

စတားရစ်ဂ်ျက “ဘာလော့တယ်လီနဲ့ တွဲကစားရတာကို ကျွန်တော် သဘောကျပါတယ်။ သူက တကယ့်လူတော် တစ်ယောက်ပါ။ ကျွန်တော်သူနဲ့ လိုက်ဖက်ညီညီ ကစားနိုင်ပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်ဟာ အောင်မြင်တဲ့ အတွဲအဖက် ဖြစ်လာမယ်လို့လည်း ခံစားမိနေတယ်”ဟု ဆိုသည်။ ၎င်းက “မန်နေဂျာက ဘာလော့တယ်လီဖြစ်ဖြစ်၊ တခြား တစ်ယောက်ယောက်ကိုဖြစ်ဖြစ် ရွေးချယ်ပါစေ၊ ကျွန်တော့် အတွက်တော့ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်က သူနဲ့ဖြစ်စေ၊ တခြား အသင်းဖော်တွေနဲ့ဖြစ်စေ သဟဇာတဖြစ်အောင် ချိတ်ဆက် ကစားနိုင်ပါတယ်။ ကိုယ်က တစ်ပွဲချင်း ဖြတ်သန်းမှုမှာ ကိုယ်ပိုင်ခြေစွမ်း ပေါ်လွင်အောင် ကစားပြဖို့တော့ လိုပါတယ်။ အသင်းအတွက် ကောင်းကျိုးဖြစ်အောင် အစွမ်းရှိသလောက် ကျွန်တော် ကြိုးစားသွားမှာပါ”ဟု ဆိုသည်။

စတားရစ်ဂ်ျက ဒဏ်ရာ ပြဿနာများသည် မိမိ၏ ကစားသမား ဘဝတွင် ရိုက်ခတ်မှု မရှိနိုင်ဟု ယူဆကြောင်းလည်း ပြောဆိုခဲ့သည်။ “ကျွန်တော် စိတ်မပူပါဘူး။ စိတ်ဖိစီးမှုလည်း မရှိဘူး။ အခုလောလောဆယ် ကျွန်တော့် ဘောလုံး စွမ်းရည်ကို ကိုယ်တိုင်ကျေနပ် အားရနေပါတယ်”ဟု ၎င်းက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment