Pages

Subscribe:

Monday, February 23, 2015

ကက်ပီတယ်လ်ဝမ်း ဗိုလ်လုပွဲတွင် မာတစ် မပါနိုင်ခြင်းသည် ချယ်လ်ဆီးအတွက် ထိခိုက်စေကြောင်း ကော်တွိုက်စ်ဝန်ခံ



ကက်ပီတယ်လ်ဝမ်း ဗိုလ်လုပွဲတွင် မာတစ် မပါနိုင်ခြင်းသည် ချယ်လ်ဆီးအတွက် ထိခိုက်စေကြောင်း ကော်တွိုက်စ်ဝန်ခံ

နီမန်ယာမာတစ် ပွဲပယ်ခံထားရသည့် အခြေအနေမျိုးတွင် ချယ်လ်ဆီး အနေဖြင့် အကောင်းဆုံး ကိုင်တွယ် ဖြတ်သန်းနိုင်ရန် မျှော်လင့် ယုံကြည်ကြောင်း ဂိုးသမား သီဘောက် ကော်တွိုက်စ်က ပြောကြားခဲ့သည်။

ဘန်လေနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်တွင် မာတစ်သည် ၎င်းကို ကြမ်းတမ်းစွာ ဖျက်ထုတ်သည့် အက်ရှ်လေဘန်းစ်အား ကိုယ်ထိလက်ရောက် တုံ့ပြန်ရာမှ အနီကတ် ထိခဲ့သည်။ တိုက်ရိုက် အနီကတ် ပြစ်ဒဏ်ကြောင့် သတ်မှတ် စည်းမျဉ်းများအရ ဆာဘီးယား လက်ရွေးစင် ကွင်းလယ် ကစားသမား အနေဖြင့် သုံးပွဲ အပယ်ခံရမည် ဖြစ်သည်။ အဆိုပါ ပွဲပယ် သတ်မှတ်ချက်သည် ဝင်ဘလေတွင် တော့တင်ဟမ် ဟော့စပါးနှင့် ရင်ဆိုင် ကစားရမည့် ကက်ပီတယ်လ်ဝမ်းဖလား ဗိုလ်လုပွဲနှင့်ပါ အကျုံးဝင်သွားခဲ့သည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမား ကော်တွိုက်စ်က ယခုရာသီ အထူးခြေစွမ်းပြနေသည့် မာတစ်ကို ဆုံးရှုံးရခြင်းသည် ချယ်လ်ဆီးအတွက် ထိခိုက်မှု တစ်ရပ်ဟု ဝန်ခံခဲ့သည်။ “နောက်တစ်ပတ်မှာ တကယ့်ကို ခက်ခဲတဲ့ ပွဲစဉ်တစ်ခု ကစားရမယ်။ မာတစ်က ဒီရာသီမှာ အသင်းအတွက် အရမ်းကောင်းအောင် ကစားပြနေတာလေ။ ဗိုလ်လုပွဲမှာ သူမကစားနိုင်ဘူး ဆိုတာကတော့ စိတ်ပျက်စရာပါပဲ။ ဒါပေမဲ့ အသင်းမှာ တခြား ကစားသမားတွေ ရှိနေသေးတယ်။ အားလုံးက ကိုယ့်တာဝန်ကိုယ် ကျေပြွန်အောင် ကြိုးစားကြမှာပါပဲ။ ကျွန်တော်တို့ဟာ တောင့်တင်း အားကောင်းတဲ့ အသင်းတစ်ခုအဖြစ် ရှိနေပါသေးတယ်။ ဒါကြောင့် မာတစ် မပါနိုင်ဘူး ဆိုရင်တောင် ကြီးကြီးမားမား ပြဿနာ မဖြစ်လောက်ဘူးလို့ မျှော်လင့်ပါတယ်”ဟု ကော်တွိုက်စ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment