Pages

Subscribe:

Friday, February 20, 2015

တော့တင်ဟမ်သို့ ပြောင်းရွှေ့ရန် ဟာဇက်နှင့် ကော်တွိုက်စ် ဆန္ဒရှိခဲ့ကြောင်း ရက်နက်ပ် ပြောကြား



တော့တင်ဟမ်သို့ ပြောင်းရွှေ့ရန် ဟာဇက်နှင့် ကော်တွိုက်စ် ဆန္ဒရှိခဲ့ကြောင်း ရက်နက်ပ် ပြောကြား

အီဒင်ဟာဇက်နှင့် သီဘောက်ကော်တွိုက်စ်တို့သည် ချယ်ဆီးသို့ မပြောင်းရွှေ့မီ တော့တင်ဟမ်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိခဲ့ကြကြောင်း ဟယ်ရီရက်နက်ပ်က ပြောကြားလိုက်သည်။

ဟာဇက်သည် လိုင်လီတွင် ကစားနေစဉ် တော့တင်ဟမ်က စိတ်ဝင်စားခဲ့ပြီး ၂၀၁၁-၁၂ ဘောလုံးရာသီဝက်တွင် ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ဟာဇက်က ချယ်ဆီးသို့ ပြောင်းရွှေ့သွားခဲ့သည်။လက်ရှိတွင် ပီတာဆက်ခ်ျကို ကျော်ဖြတ်ကာ ချယ်ဆီးအသင်း၏ ဦးစားပေး ဂိုးသမားအဖြစ် ပါဝင်ကစားလျက်ရှိသည့် ကော်တွိုက်စ်သည်လည်း တော့တင်ဟမ်၏ ပစ်မှတ် ကစားသမားစာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း ကော်တွိုက်စ်၏ တော့တင်ဟမ် ကစားသမား ဖြစ်လာရေးမှာ ပျက်ပြယ်ခဲ့ကြောင်း ရက်နက်ပ်က ဆိုခဲ့သည်။

“ကျွန်တော် ပဲရစ်မှာ ဟာဇက်နဲ့ ၄ နာရီလောက် စကားပြောခဲ့ပါတယ်။ သူက တော့တင်ဟမ်ကို လာချင်ခဲ့တာပါ။ ဒါပေမဲ့ သဘောတူညီမှု မရရှိခဲ့ပါဘူး။ ဂိုးသမား ကော်တွိုက်စ်ကိုလည်း သူ့အသက် ၁၇ နှစ်တုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူအသင်းကို ရောက်မလာခဲ့ပါဘူး။ သူက တော့တင်ဟမ် ကစားသမား ဖြစ်ခဲ့သင့်တာပါ” ဟု ရက်နက်ပ်က ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment