Pages

Subscribe:

Wednesday, February 18, 2015

တစ်ယောက်လျော့ဘိုင်ယန်မြူးနစ်ကို ရှက်တာဒိုးနက် သရေကစား



တစ်ယောက်လျော့ဘိုင်ယန်မြူးနစ်ကို ရှက်တာဒိုးနက် သရေကစား

နည်းပြဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ဟာ ရှက်တာဒိုးနက်အသင်းကို အဝေးကွင်းမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့လို့ အိမ်ကွင်းပွဲစဉ်မှာ မဖြစ်မနေဂိုးသွင်းရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာ အလွန်ဆို နှစ်ဝါ၊ တစ်နီနဲ့အထုတ်ခံလိုက်ရတာကလည်း ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်ကို ခါးပြတ်သွားစေတဲ့ သဘော ဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ဒီပွဲစဉ်မှာ ရစ်ဘာရီ၊ မူလာ၊ ရော်ဘင်တို့ရဲ့ တိုက်စစ်တွဲနဲ့ ရှက်တာဒိုးနက်ကို အနိုင်ရဖို့ ကြိုးစားပေမယ့် ဂိုးမရခဲ့တာဖြစ်ပါတယ်။ ရှက်တာဒိုးနက်ဟာ စစ်ပွဲဖြစ်နေလို့ ကိုယ်ပိုင်အိမ်ကွင်းမှာ မကစားခဲ့ရပေမယ့် ကြားကွင်းမှာ ဘိုင်ယန်ကို မာမာထန်ထန် တုန့်ပြန်သွားနိုင်ခဲ့တာ တွေ့ရပါတယ်။ ပွဲစကတည်းက ဘိုင်ယန်မြူးနစ်ဘက်က အစဉ်အလာမပျက် ရော်ဘင်၊ ရီဘာရီ တို့ရဲ့ တိုးအားနဲ့ ဂိုးပေါက် ခြိမ်းခြောက်ဖို့ ကြိုးစားပေမယ့် အဆင်မပြေခဲ့ပါဘူး။

အထူးသဖြင့် ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က သိသိသာသာ တိုက်စွမ်းသာလွန်ခဲ့ပေမယ့် အဆုံးသတ်ညံ့ဖျင်းလွန်းတာက စိုးရိမ်စရာအချက်ဖြစ်နေပါတယ်။ ရှက်တာဒိုးနက်ဂိုးပေါက်ကို ရှစ်ကြိမ်ကန်ရာမှာ တစ်ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် ခြေစွမ်းကိုနည်းပြ ဂွါဒီယိုလာ ပြန်လည်သုံးသပ်ဖို့ လိုနေပြီဖြစ်ပါတယ်။ ရှက်နာဒိုးနက်ဟာ ခြေစွမ်းပြပြီး ဒီပွဲကို သရေယူနိုင်ခဲ့တာမဟုတ်ပဲ ဘိုင်ယန်မြူးနစ် ကစားသမားတွေရဲ့ မတိကျတဲ့ အဆုံးသတ်မှုတွေကြောင့် သရေရခဲ့တာဖြစ်ပါတယ်။ ရှက်တာဒိုးနက်ကလည်း တိုက်စစ်ကဂိုးရဖို့ထက် ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်လမ်းကြောင်းကို ဟန့်တားနိုင်ဖို့သာ ပိုပြီးအာရုံစိုက်နေခဲ့ရတာ တွေ့ရပါတယ်။

ဒုတယပိုင်း ၆၅ မိနစ်မှာ ရှက်တာဒိုးနက်ကစားသမား တက်ရှီယာကို အလွန်ဆို ကစားပုံကြမ်းခဲ့လို့ ဒုတိယအဝါကတ်နဲ့အတူ အနီကတ်ပြခံရပြီး အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲဟာ အလွန်ဆိုအတွက် ချန်ပီယံလိဂ် ပွဲ ၁၀၀ ပြည့်တဲ့ပွဲဖြစ်ပေမယ့်လည်း အနီကတ်နဲ့အဆုံးသတ်ခဲ့ရပါတယ်။ အလွန်ဆို ထွက်သွားပြီးတဲ့နောက် ဘိုင်ယန်မြူးနစ်ရဲ့ ကစားပုံ ပိုကျသွားခဲ့ပြီး တိုက်စစ်က ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု သိသိသာသာအားနည်းသွားခဲ့ ရပါတယ်။ အဲဒီနောက် လီဝမ်ဒေါစကီးကို ထည့်သွင်းကစားခဲ့ပေမယ့်လည်း ယူကရိန်းမြေမှာ ဘိုင်ယန်မြူးနစ်ဟာာ ဂိုးမရှိသရေသာ ယူနိုင်ခဲ့ရပါတယ်။

Soccer Myanmar

0 comments:

Post a Comment