Pages

Subscribe:

Saturday, February 21, 2015

ချယ်လ်ဆီး - ဘန်လေ သုံးသပ်ချက်



'Best Of Three 1'
Written by  Mizzima News
ယနေ့ညတွင် ယှဉ်ပြိုင်ကစားကြမည့် ဥရောပလိဂ် ပွဲစဉ်များထဲမှ အကောင်းဆုံး (၃) ပွဲကို မဇ္ဈိမ မှ ရွေးချယ်တင်ဆက်ပေးလိုက်ပါသည်။

ချယ်လ်ဆီး - ဘန်လေ

*ချယ်လ်ဆီးအသင်းမှာ ဒီယေဂိုကော်စတာ ပွဲပယ်ပြစ်ဒဏ်က ပြန်လည် လွတ်မြောက်လာတာကြောင့် တိုက်စစ်ကို ပြန်လည် ဦးဆောင်လာပါလိမ့်မယ်။ ကွင်းလယ်မှာလည်း ကော်စတာ ဒဏ်ရာက ပြန်လည်သက်သာလာတာကြောင့် လူပြန်စုံဖို့ ရှိနေပြီး ကွင်းလယ်အဖျက် ကစားသမား မီခေးလ်ကတော့ သူ့ရဲ့ ဒဏ်ရာပြဿနာကြောင့် ဒီပွဲမှာ ပါဝင်လာမှာ မဟုတ်သေးပါဘူး။

*ဒုတိယနေရာက မန်စီးတီးနဲ့ (၇) မှတ်ကွာနေတဲ့ အနေအထား၊ အိမ်ကွင်းမှာ ကစားရမှု၊ ပြိုင်ဘက်အသင်းနဲ့ ခြေစွမ်းခြင်းကွာဟမှုနဲ့ ပြီးခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ပွဲမှာ ပွဲပန်းထားမှုတွေကြောင့် မော်ရင်ဟိုဟာ အသင်းရဲ့ ကစားသမားတွေကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်လိမ့်မလားဆိုတာ ကြိုတွေးထားရမှာဖြစ်ပြီး ကွင်းလယ်တိုက်စစ်အတွက် ဟက်ဇက်၊ ကော်စတာနဲ့ ကွာဒရာဒို အတွဲကို သုံးသွားမလားဆိုတာ စိတ်ဝင်စားစရာပါ။

*ချယ်လ်ဆီးဟာ ဒီရာသီ သူတို့ရဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း (၁၂) ပွဲမှာ (၁၁) ပွဲနိုင် (၁) ပွဲ သရေနဲ့ ပုံစံကောင်းတစ်ခုကို ပြသထားနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် (၇) ပွဲမှာ ဂိုးမပေးရတဲ့ပွဲ (၆) ပွဲအထိ ရှိခဲ့ပါတယ်။

*ဘန်လေအသင်းကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား မာနေးနဲ့ နောက်ခံလူ ၀ါ့ဒ် တို့ကို ဒဏ်ရာကြောင့် ဆုံးရှုံးထားရဆဲဖြစ်ပြီး အသင်းရဲ့ တိုက်စစ်ကိုတော့ လူငယ်တိုက်စစ်မှူး အင့်ဂ်နဲ့ အက်ရှ်လေဘန်းစ် တို့က ဦးဆောင်လာမှာပါ။

*ကစားသမား လိုအပ်ချက်ကြောင့် တောင်ပံကို ထွက်ပြီး ကစားနေရတဲ့ ကွင်းလယ်လူ စကော့ အာဖီးလ်ဟာ ဒဏ်ရာက ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ နိုက်တလေကြောင့် ဒီပွဲမှာ သူအားသန်တဲ့ ကွင်းလယ်ဗဟိုကို ပြန်လည် တာဝန်ယူမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၅) ပွဲမှာ တစ်ပွဲကို အနည်းဆုံး (၂) ဂိုးပေးထားရတဲ့ ခံစစ်ပိုင်းအတွက် ကွင်းလယ်ကနေ ခုခံဖို့ ကြိုးစားပါလိမ့်မယ်။

သုံးသပ်ချက်


ချယ်လ်ဆီးဟာ ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ် ပွဲစဉ်မှာ သူတို့လိုချင်တဲ့အဖြေတစ်ခုကို အရယူနိုင်ခဲ့လို့ ကစားသမားတွေရဲ့ စိတ်အခြေအနေက အတက်ဖက်မှာ ရှိနေတာပါ။ ဒါကြောင့် ဒီပွဲမှာလည်း မန်စီးတီးနဲ့ သူတို့ရဲ့ ကြားက အမှတ်ကွာဟ မှုကို ဆက်ထိန်းထားဖို့ လုံလောက်တဲ့ ရမှတ်ကို ရဖို့ ကြိုးစားကြပါလိမ့်မယ်။ ဘန်လေအသင်းကတော့ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပေမယ့် တိုက်စစ်နဲ့ ခံစစ် ဟန်ချက်မညီတာ၊ ပြိုင်ဘက်အသင်းရဲ့ သွင်းဂိုးတွေကို လွယ်လွယ်ကူကူပဲ ခွင့်ပြုခဲ့ရတာ၊ လျှင်မြန်တဲ့ တိုက်စစ်ကစားသမားတွေကို မထိန်းချုပ်နိုင်တာ ၊ စတဲ့အချက်တွေကြောင့် ဒီပွဲမှာ သရေတစ်မှတ်တောင် ရဖို့ လွယ်မယ်မထင်ပါဘူး။ ဒီပွဲမှာ ချယ်လ်ဆီးက (၂) ဂိုးသွင်းမှ ပြား ၅၀ နိုင်မှာဖြစ်ပေမယ့်လည်း ချယ်လ်ဆီး တိုက်စစ်မှူးတွေ ဒီထက် ပိုတဲ့ သွင်းဂိုးအရေအတွက် ရသွားနိုင်လို့ ဒီပွဲမှာ ချယ်လ်ဆီးကိုပဲ အားပေးရမယ်။


0 comments:

Post a Comment