Pages

Subscribe:

Saturday, February 21, 2015

တွဲကစားဖူးသမျှတွင် စီရော်နယ်ဒိုနှင့် ပေါလ်စခိုးက အကောင်းဆုံးဟု ရွန်နီပြောကြား



တွဲကစားဖူးသမျှတွင် စီရော်နယ်ဒိုနှင့် ပေါလ်စခိုးက အကောင်းဆုံးဟု ရွန်နီပြောကြား
Written by  ဝေဘုန်းလူ
(မန်ချက်စတာ)။ ။ မန်ယူ ကစားသမားဟောင်းများဖြစ်သည့် စီရော်နယ်ဒိုနှင့် ပေါလ်စခိုးတို့မှာ တွဲကစားဖူးသမျှထဲတွင် အကောင်းဆုံးဖြစ်ကြောင်းနှင့် အက်ရှ်လေယန်းမှာ အသင်းတွင် ရယ်စရာ အကောင်းဆုံးလူဖြစ်ကြောင်း မန်ယူတိုက်စစ်မှူး ရွန်နီက ပြောကြားခဲ့သည်။
မန်ချက်စတာမြို့ရှိ တရုတ်စားသောက်ဆိုင် 'ဝင်း' ၏ အရောင်းမြှင့်တင်ရေး အစီအစဉ်တွင် ပရိသတ်အချို့နှင့် ရွန်နီတို့အမေး၊ အဖြေ ကဏ္ဍလည်းပါဝင်ခဲ့ရာ ကဘမ္ဘာ့အကြီးဆုံး ကလပ်အသင်းတစ်သင်းမှ ကစားသမား တစ်ဦး၏ ဘဝအကြောင်းကို ဖြေကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တွဲကစားဖူးသမျှထဲတွင် မည်သူက အထူးချွန်ဆုံး ဖြစ်သလဲဆိုသည့် မေးခွန်းကို ရွန်နီက "အများကြီး ရှိပါတယ်။ နှစ်ယောက်လောက်တော့ ပြောပြပါ့မယ်။ စီရော်နယ်ဒိုနဲ့ ပေါလ်စခိုးပါ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်တစ်မျို စီထူးချွန်ကြသူတွေ ဖြစ်ပါတယ်" ဟု ပြန်လည်ဖြေကြားသည်။ စီရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဖြင့်ပြောင်းရွှေ့ခြင်း မရှိမီ မန်ယူအသင်းတွင် ၂၀၀၃ မှ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့သူ ဖြစ်သည်။ ပေါလ်စခိုးသည် ကစားသမား ဘဝတစ်လျှောက်လုံး မန်ယူတွင်သာ ကစားခဲ့ပြီး စုစုပေါင်း ၇၁၈ ပွဲတွင် ၁၅၅ ဂိုးသွင်းယူခဲ့သည်။
မန်ယူအသင်းတွင် မည်သူက ရုပ်အပြောင်ဆုံးလဲဆိုသည့် မေးခွန်းကိုလည်း အက်ရှ်လေယန်းဖြစ်ကြောင်း ဖြေကြားခဲ့ပြီး အန်ဒါဆင်မှာလည်း ယင်းသို့ပင်ဖြစ်သည်ဟု ရွန်နီက ဖြေကြားခဲ့သည်။ 'ဝင်း' စားသောက်ဆိုင်မှာ ရွန်နီအကြိုက်တွေ့သည့် ဆိုင်တစ်ဆိုင်ဖြစ်ပြီး ယခင်မွေးနေ့ ပွဲနှစ်ပွဲကို ယင်းဆိုင်တွင် ကျင်းပခဲ့ဖူးသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်ကလည်း တရုတ်နှစ်ကူးအတွက် ရည်ရွယ်သည့် ပညာပေးဗီဒီယိုကို ယင်းဆိုင်တွင် ပြသနိုင်အောင်လည်း ရွန်နီကကူညီပေးခဲ့ဖူးသည်။ ပရိသတ်နှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်အပြီးတွင် ရွန်နီသည် ၎င်းကို facebook တွင် like လုပ်ထားသည့် ပရိသတ်များထဲမှ ကံထူးရှင် တစ်ဦးကို ရွေးချယ်ပြီး လက်မှတ်ထိုးထားသည့် ဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့သည်။
ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

0 comments:

Post a Comment