Pages

Subscribe:

Thursday, February 19, 2015

"The Best of Three for Europa League"



"The Best of Three for Europa League"
Written by  Mizzima News
ဒီညမှာတော့ ယူရိုပါလိဂ်ပွဲတွေ အများကြီးက အသင့်စောင့်နေပါတယ်။ ယူရိုပါလိဂ်ပွဲစဉ် (၁၆) ပွဲရှိတဲ့ အနက်က အကောင်းဆုံးဖြစ်မယ့် ပွဲစဉ် (၃) ပွဲကို ရွေးထုတ်သုံးသပ်ပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေဗျာ။
ရိုးမား - ဖီယင်နု (နံနက် ၁၂း၃၀)

*ချန်ပီယံလိဂ်က ပြုတ်ပြီး ယူရိုပါလိဂ်ကို ရောက်လာတဲ့ ရိုးမားဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အီတာဘီ၊ စထရုမန်းတို့ ဒဏ်ရာရနေချိန်မှာပဲ တိုက်စစ်မှူး တော့တီနဲ့ မိုင်ကွန်၊ ကွင်းလယ်က အီဘာဘို တို့ပါ ကြံ့ခိုင်မှုအတွက် ရုန်းကန်ခဲ့ရလို့ အားနည်းနေခဲ့ပါတယ်။

*တကယ်လို့ တော့တီသာ ဒီပွဲမှာ ကစားနိုင်ခဲ့မယ်ဆိုရင် ရိုးမားရဲ့ တိုက်စစ်မှာ ဂါဗင်ဟို၊ တော့တီ၊ ဂျာဂျစ်တို့ သုံးယောက်ကို တွေ့ရမှာဖြစ်ပြီး ကွင်းလယ်မှာတော့ နိုင်ဂိုလန်၊ ရော့စီနဲ့ ပီဂျာနစ်တို့ အတွဲအဖက်ကို တွေ့ရပါလိမ့်မယ်။

*စီးရီးအေရဲ့ အမှတ်ပေးဇယား အဆင့် (၂) နေရာကို ဆုပ်ကိုင်ထားနိုင်ဆဲဆိုပေမယ့် ချန်ပီယံဆုအတွက်တော့ အရမ်းခက်ခဲတဲ့ အနေအထားကို ရောက်လာခဲ့လို့ ရိုးမားတို့ ဥရောပ စစ်မြေပြင်ဖက်ကို ခြေဦးလှည့်လာပါလိမ့်မယ်။

*ဖီယင်နု အသင်းကတော့ ဟော်လန်အမှန်ပေးဇယားရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး ဂါလာတာစာရေး၊ ဘလက်ဘန်း အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး ကာဇင်ရစ်ချက်၊ ဟော်လန်နောက်ခံလူ မက်သစ်ဆန် တို့ ရှိနေလို့ အထင်သေးလို့တော့ မရပါဘူး။ ယူရိုပါလိဂ်ပွဲစဉ်တွေဆိုရင် အိမ်ကွင်းမှာသာ ခြေစွမ်းပြလေ့ရှိတဲ့ ဖီယင်နု အသင်းဟာ အဝေးကွင်းပွဲစဉ်တွေမှာတော့ ကစားပုံ အားနည်းလေ့ရှိပြီး ဒီပွဲမှာလည်း စီးရီးအေ အသင်းကြီးတစ်သင်းဖြစ်တဲ့ ရိုးမားကို အနိုင်ရဖို့ မလွယ်ပါဘူး။

သုံးသပ်ချက်

ကစားသမား အင်အားချင်း ယှဉ်လိုက်ရင်တော့ ဖီယင်နု ဟာ ရိုးမာကို မမီတာ အမှန်ပါပဲ။ ရိုးမားအသင်း စီးရီးအေမှာ ကစားတဲ့ ပုံစံကို ကြည့်ပြီး ဒီပွဲမှာလည်း ရုန်းကန်ရလိမ့်မယ်လို့ ထင်စရာ ရှိပေမယ့် ရိုးမားရဲ့ ဥရောပ အတွေ့အကြုံရှိ ကစားသမားတွေ အနေအထား၊ နေရာစုံကနေ ဂိုးသွင်းနိုင်သူတွေ ရှိနေတာ၊ အိမ်ကွင်းမှာ နိုင်ပွဲရထားမှ နောက်ပွဲအတွက် စိတ်ချရမှာ၊ စတာတွေက ရိုးမားဖက်က ရှိနေသင့်တဲ့ အနေအထားဖြစ်ပြီး တစ်ဂိုးသွင်းရင် သရေကျမယ့် ပွဲစဉ်မှာ ရိုးမားဟာ နိုင်ပွဲတစ်ပွဲအတွက် အသင့်ရှိနေပါလိမ့်မယ်…။
အဲလ်ဘော့ (AaB) - ကလပ်ဘရုဂေး (နံနက် ၁၂း၃၀)

*ဒိန်းမတ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အဲလ်ဘော့ အသင်းဟာ ဒိန်းမတ် အခြေစိုက် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပြီး ချန်ပီယံလိဂ်ရော၊ ယူရိုပါလိဂ်မှာပါ အတွေ့အကြုံရှိတဲ့ အသင်းပါ။

*အဲလ်ဘော့အသင်းရဲ့ တိုက်စစ်ပိုင်းကိုတော့ လာမယ့် ဇွန်လမှာ ဗီလာကိုပြောင်းရတော့မယ့် တိုက်စစ်မှူး ဟီလီနီးယပ်စ်နဲ့ ဂျက်ကော့ဆန်တို့က ဦးဆောင်နေပါတယ်။

*အုပ်စုအဆင့် ပွဲစဉ်တွေတုန်းက ဒိုင်နမိုကိဗ်၊ စတူအာ ဘူစကူရက်စ်တီ အသင်းတွေကို အိမ်ကွင်းမှာ အနိုင်ယူပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တဲ့ အဲလ်ဘော့ ဟာ ဒီပွဲစဉ်မှာလည်း သူတို့ရဲ့ အိမ်ကွင်းခြေစွမ်းကောင်းကို ဆက်ပြီး ထိန်းထားနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

*ကလပ်ဘရုဂေးကတော့ ဘယ်လ်ဂျီယံ Pro လိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၅)ပွဲမှာ (၁၁) ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ပိုင်းက စိတ်ဝင်စားစရာပါ။

*အသင်းရဲ့တိုက်စစ်ကို ဘယ်လ်ဂျီယံတိုက်စစ်မှူး ဒီဆပ်တာ၊ ကိုလံဘီယာတိုက်စစ်မှူး အစ်ဇ်ကွီယာဒိုနဲ့ အစ္စရေးတိုက်စစ်မှူး ရာဖယ်လို့ဗ် တို့က ဦးဆောင်နေပြီး ဒီရာသီ ပွဲစဉ် ၂၆ ပွဲ ကစားပြီးချိန်မှာ သူတို့ (၃) ယောက်ပေါင်းသွင်းဂိုးက ဂိုး(၂၀) အထိ ရှိထားပါတယ်။

*ယူရိုပါလိဂ်ရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ အုပ်စု ပထမ နေရာနဲ့ နောက်တစ်ဆင့်ကို တက်လာနိုင်ခဲ့ပြီး အဝေးကွင်းပွဲစဉ်တွေမှာလည်း ရှုံးပွဲမရှိခဲ့တဲ့ ဘရုဂေးရဲ့ကစားပုံကြောင့် ဒီပွဲဟာ အိမ်ရှင်အသင်းအတွက်တော့ ခက်ခဲမှာပါ။

သုံးသပ်ချက်

ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အိမ်ရှင်အသင်းတွေ အားသာချက်ရှိတယ်ဆိုတာ မှန်ပေမယ့် အပေါ်အသင်းတွေနဲ့ အောက်အသင်းတွေ ခြေစွမ်းကွာတတ်တာကို သတိထားရမှာပါ။ အဲလ်ဘော့အသင်း အိမ်ကွင်းမှာ ရလဒ်ကောင်းတတ်တယ်ဆိုတာ မှန်ပေမယ့် လက်ရှိ ဘရုဂေးရဲ့ ကစားပုံ၊ ကစားသမား အနေအထား၊ ဂိုးသွင်းနိုင်သူတွေ များပြားမှု၊ စတာတွေကြောင့် ဒီပွဲစဉ်မှာ ဧည့်သည်အသင်းဖက်ကပဲ ရှိနေရမှာပါ။
ဗီလာရီးယဲလ် - ဆဲလ်ဘတ် (နံနက် ၂း၃၅)

*စပိန်လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာကို ရောက်နေတဲ့ ဗီလာရီးယဲလ်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဂလက်ဘတ်အသင်းကို မကျော်နိုင်လို့ အုပ်စု ဒုတိယနဲ့ ကျေနပ်ခဲ့ရတဲ့ အသင်းပါ။

*ဒီရာသီ ဗီလာရီးယဲလ်အသင်းရဲ့ တိုက်စစ်က လာလီဂါပြိုင်ပွဲမှာ (၃၇) ဂိုးအထိ ရထားပြီး နောက်ဆုံး ကစားခဲ့တဲ့ ယူရိုပါလိဂ် (၁၅) ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲ မရှိဘူးဆိုတဲ့ စံချိန်ကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။

*ဗီလာရီးယဲလ်ရဲ့ တိုက်စစ်မှာ မိုရီနိုနဲ့ အူချီတိုက်စစ်အတွဲက အဓိက ကစားလေ့ရှိပြီး ဒေါ့ဆန်းတို့စ်၊ ဗီယက်တို တို့လို တိုက်စစ်မှူးကောင်းတွေကလည်း အဆင်သင့်ရှိပါသေးတယ်။ ဒီပွဲမှာ ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ တိုက်စစ်မှူး အူချီ ပါဝင်ဖို့ မသေချာတာကြောင့် နည်းပြ မာဆယ်လီနိုက အသင်းရဲ့ တိုက်စစ်မှာ မိုရီနိုနဲ့ ဗီယက်တို တိုက်စစ်အတွဲကို ထုတ်သုံးဖို့ များပါတယ်။

*ဆဲလ်ဘတ်အသင်းကလည်း ယူရိုပါလိဂ်မှာ နာမည်ကြီးတဲ့ အသင်းတစ်သင်းပါပဲ။ သူတို့ရဲ့ အဓိက အားသာချက်က တိုက်စစ်ကစားပုံ ကောင်းမွန်တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ် (၇) ပွဲဆက်တိုက် ပြိုင်ဘက်အသင်းကို ဂိုးသွင်းနိုင်ခဲ့ပါတယ်။

*ဒါ့အပြင် အဲဒီ (၇) ပွဲမှာ သူတို့ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က ဂိုး (၂၀) အထိ ရှိခဲ့ပြီး အုပ်စုတွင်း ရှုံးပွဲမရှိ စံချိန်နဲ့ နောက်တစ်ဆင့်ကို တက်လာခဲ့သူတွေပါ။ ဒီရာသီမှာ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား ကမ်ပယ် ကို ဒေါ့တ်မွန်က ခေါ်ယူခဲ့လို့ တိုက်စစ်ပိုင်း အားနည်းသွားတယ်လို့ ထင်စရာရှိပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဆိုရီယာနိုနဲ့ ဆဗစ်ဇာတို့က ဂိုးတွေ သွင်းနေကြတုန်းပါပဲ။

*ဒီနှစ်သင်းဟာ ၂၀၀၉ ခုနှစ်ရဲ့ ယူရိုပါလိဂ်ပွဲစဉ်တုန်းကလည်း တွေ့ဆုံခဲ့ဖူးပြီး ဗီလာရီးယဲလ်ကို ဆဲလ်ဘတ်က (၂) ကျော့စလုံး အနိုင်ယူခဲ့တာပါ။

သုံးသပ်ချက်


ယူရိုပါလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံး အသင်းတွေထဲက နှစ်သင်းတွေ့ကြတဲ့ပွဲမှာ အိမ်ရှင်ဖက်၊ ဧည့်သည်ဖက်လို့ ဆုံးဖြတ်ဖို့ထက် သွင်းဂိုးအနည်း ၊ အများဖက်ကို ဆုံးဖြတ်ကြည့်ချင်တယ်။ လက်ရှိ ဂိုးပေါင်းဈေးက နှစ်သင်းပေါင်းသွင်းဂိုး (၃) ဂိုးဆိုရင် သရေကျမှာပါ။ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတွေ ကိုယ်စီရှိကြသလို တိုက်စစ်အားသန်တဲ့ ကစားပုံတွေကြောင့် ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေကို တွေ့ရဖို့ ရှိနေပြီး နှစ်သင်းပေါင်း သွင်းဂိုးများလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

0 comments:

Post a Comment