Pages

Subscribe:

Saturday, February 21, 2015

စာချုပ်သစ်ကိစ္စ ဆွေးနွေးရခြင်း မရှိသေးသော်လည်း ချယ်လ်ဆီးတွင်သာ တယ်ရီဆက်ရှိလို



စာချုပ်သစ်ကိစ္စ ဆွေးနွေးရခြင်း မရှိသေးသော်လည်း ချယ်လ်ဆီးတွင်သာ တယ်ရီဆက်ရှိလို
Written by  ဝေဘုန်းလူ
 (လန်ဒန်)။ ။ လက်ရှိရာသီကုန်အလွန်တွင် ချယ်လ်ဆီးတွင် ဆက်ရှိနေစေမည့် စာချုပ်သက်တမ်းတိုးရန် ကိစ္စကို ဆွေးနွေးရခြင်း မရှိသေးသော်လည်း ချယ်လ်ဆီးတွင်သာ ဆက်လက်ကစားလိုသည်ဟု အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ဝန်ခံပြောကြားခဲ့သည်။
အသက် ၃၄ နှစ်အရွယ်ရှိ တယ်ရီသည် ထိပ်တန်းအဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ဖလားသုံးလုံး လမ်းကြောင်းပေါ်တွင်ရှိနေသည့် ချယ်လ်ဆီးအသင်း၏ ပွဲစဉ်တိုင်းကိုလည်း ပါဝင်ကစားလို လျှက်ရှိသည်။ တယ်ရီအနေဖြင့် မော်ရင်ဟို၏ လက်အောက်တွင် နောက်ထပ် တစ်နှစ်ဆက်လက်ကစားရန် ဆန္ဒရှိနေပြီး ချယ်လ်ဆီးက ဟက်ဇက်ကို ကာလရှည် သက်တမ်းတိုးနိုင်ရေး ကြိုးစားမှုကို ပထမ ဦးစားပေးအဖြစ် တယ်ရီက လက်ခံခဲ့သောကြောင့် ၎င်း၏ စာချုပ်သက်တမ်းကိစ္စ ဆွေးနွေးရခြင်း မရှိဘဲ ကြန့်ကြာနေရခြင်း ဖြစ်သည်။ "ကျွန်တော့်အနေအထားကို အသင်းက သိပါတယ်။ အသင်းမှာ ဆက်ရှိနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အသင်းဘက်ကရော ကျွန်တော့်ဘက်ကပါ စာချုပ်ကိစ္စဆွေးနွေးရခြင်း မရှိသေးပေမယ့် အခြေအနေအပေါ်မှာ နှစ်ဖက်စလုံးက လေးစားမှု ရှိကြပါတယ်။ အသင်းမှာ ပိုအရေးကြီးတဲ့ ကစားသမားတွေရှိနေပြီး ဟက်ဇက်ကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ကျွန်တော့်အတွက်လည်း အဲဒါက ပိုအရေးကြီးဆုံးပါပဲ။ ဘယ်သူကမှ ထုတ်မပြောပေမယ့် အသင်းအတွက် ပထမ ဦးစားပေးကိစ္စဆိုတာကိုလည်း ကျွန်တော် သဘောပေါက်ပါတယ်။ မကြာခင်မှာတော့ ကျွန်တော့် အလှည့်ရောက်လာ ဖို့မျှော်လင့်ပါတယ်" ဟု တယ်ရီက ပြောကြားခဲ့သည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဟက်ဇက်သည်ပြီးခဲ့သည့်တစ်ပတ်ကမှ ငါးနှစ်ခွဲစာချုပ်ချုပ်ဆိုနိုင်ခဲ့ရာ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင်လစာများ သည့် ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ ချယ်လ်ဆီးအသင်း၏ ပေါ်လစီအရ အသက် ၃၀ အထက် ကစားသမားများကို တစ်နှစ်စာချုပ်သာ ချုပ်လေ့ရှိသည်။ တယ်ရီသည်အသင်းနှင့် ချုပ်ဆိုထားသောစာချုပ်အရ ပြည်ပ ကလပ်များသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ရန် ဆွေးနွေးခွင့်ရမည့် အနေအထား ဖြစ်သည်။ ရာသီမကုန်မီ အကြိုသဘောတူ စာချုပ်လည်းချုပ်ဆိုခွင့် ရှိသည်။ ဂါလာတာစာရေးနှင့် မိုနာကိုတို့က စိတ်ဝင်စားနေသော်လည်း တယ်ရီသည်ချယ်လ်ဆီးတွင်သာ ဆက်ကစားလိုနေသည်။ နည်းပြ မော်ရင်ဟိုကလည်း အသင်းခေါင်းဆောင်တယ် ရီကို ဆက်ထားချင်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသည်။
ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

0 comments:

Post a Comment