Pages

Subscribe:

Tuesday, February 17, 2015

ပင်နယ်တီရရန် ရွန်နီ ဟန်ဆောင်လှဲချခဲ့ကြောင်း စွပ်စွဲမှုများကို ဟော့ဂ်ဆန် ငြင်းဆို



ပင်နယ်တီရရန် ရွန်နီ ဟန်ဆောင်လှဲချခဲ့ကြောင်း စွပ်စွဲမှုများကို ဟော့ဂ်ဆန် ငြင်းဆို

FAဖလား ပွဲစဉ်တွင် ပင်နယ်တီရရန် ဝိန်းရွန်နီ အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင် လှဲချခဲ့သည်ဆိုသော စွပ်စွဲချက်များကို အင်္ဂလန် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က ကာကွယ် ငြင်းဆိုသွားသည်။


ရုပ်မြင်သံကြား အနှေးပြကွက်များအရ မန်ချက်စတာ ယူနိုက်တက်နှင့် အင်္ဂလန် အသင်းခေါင်းဆောင်သည် ပရက်စ်တန်နော့သ်အန်း ဂိုးသမား သော်စတန် စတက်ခ်မန်းနှင့် ထိခိုက်မှု မရှိဘဲ လဲကျသွားပြီး ထိုမှတစ်ဆင့် (၈၇)မိနစ်တွင် ပင်နယ်တီ ရရှိခဲ့သည်။ အဆိုပါ ပင်နယ်တီကို ရွန်နီကိုယ်တိုင် ကန်သွင်းပြီး (၉၅၂)မိနစ်ဆက်တိုက် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်ခဲ့သည်။ ရွန်နီသည် ပင်နယ်တီရရန် မရိုးမသား ပြုမူခဲ့ကြောင်း စွပ်စွဲမှုများ ရှိနေသည့်တိုင် ဟော့ဂ်ဆန်က ယင်းသည် ရည်ရွယ်ချက်ရှိရှိ ဒိုင်ဗင်ထိုးမှု မဟုတ်ကြောင်း ဆိုသည်။


“ကျွန်တော်ကတော့ ဒါဟာ ဟန်ဆောင် ဒိုင်ဗင်ထိုးလိုက်တာလို့ မထင်ပါဘူး။ ရွန်နီဟာ ဂိုးသမားနဲ့ လွတ်အောင်ရှောင်ဖို့ အားထုတ်ခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။ ခင်ဗျားက ပွဲတစ်ပွဲမှာ ဒိုင်အဖြစ် ကိုင်တွယ်နေတယ် ဆိုပါစို့။ အနှေးပြကွက် ပြန်မကြည့်ဘဲ ဒီအဖြစ်မျိုးကို ရှင်းလင်းအောင် မြင်ဖို့ မလွယ်ဘူး။ ဘယ်သူကမှလည်း ဒါဟာ ပင်နယ်တီ မဖြစ်သင့်ဘူးလို့ ပြောနေမယ်လို့ ကျွန်တော် မထင်ဘူးဗျ။ ဂိုးသမားက အလျင်စလိုနဲ့ ခပ်မာမာထန်ထန် ပြေးထွက်လာတယ်။ ခြေနှစ်ဖက်စလုံးနဲ့ တားဖို့ကြိုးစားတယ်။ အဲဒီအချိန်မှာ ရွန်နီက ဘောလုံးကို တို့ယူပြီး သူ့ကို ကျော်ထွက်သွားပြီလေ”ဟု ဟော့ဂ်ဆန်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment