Pages

Subscribe:

Sunday, February 15, 2015

ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့ရန်အတွက် ဂျူဗင်တပ်စ်ကို မစွန့်ခွာရန် ပေါ့ဂ်ဘာကို အီမာဆန် သတိပေး



ရီးယဲမက်ဒရစ်သို့ ပြောင်းရွှေ့ရန်အတွက် ဂျူဗင်တပ်စ်ကို မစွန့်ခွာရန် ပေါ့ဂ်ဘာကို အီမာဆန် သတိပေး

ရီးယဲမက်ဒရစ်အတွက် အီတလီချန်ပီယံအသင်းကို စွန့်ခွာခဲ့ဖူးသည့် ဂျူဗင်တပ်စ် ကွင်းလယ် ကစားသမားဟောင်း အီမာဆန်က မိမိပြုလုပ်ခဲ့သည့် အမှားအတိုင်း ထပ်မံမပြုလုပ်မိစေရန် ပေါလ်ပေါ့ဂ်ဘာကို သတိပေးပြောကြားမှုများ ပြုလုပ်ခဲ့သည်။


ဘရာဇီးလ် ကစားသမားသည် ၂၀၀၆ ခုနှစ် နွေရာသီက ဆန်တီယေဂို ဘာနေဗျူးသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် မက်ဒရစ်မှ ထွက်ခွာခဲ့ရသည်။ ထို့နောက် ပေါ့ဂ်ဘာအနေဖြင့် မက်ဒရစ်သို့ ပြောင်းရွှေ့ခြင်းထက် ဂျူဗင်တပ်စ်တွင်သာ ဆက်ကစားသင့်ကြောင်း အီမာဆန်က တိုက်တွန်းခဲ့သည်။


“ပေါ့ဂ်ဘာအနေနဲ့ ကျွန်တော်လုပ်ခဲ့တဲ့ အမှားလိုမျိုး ထပ်မံမလုပ်သင့်ပါဘူး။ ကစားသမားတစ်ယောက်အနေနဲ့ အသင်းသစ်ကို ပြောင်းရွှေ့တဲ့အခါမှာ အရာအားလုံးကို အစကနေ ပြန်စရပါတယ်။ ပေါ့ဂ်ဘာက ဂျူဗင်တပ်စ်မှာ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။ သူက အန်ဒရီယာ ပီယာလိုလိုမျိုး ထူးခြားတဲ့ ကစားသမားပါ။ ဒါကြောင့် ဂျူဗင်တပ်စ်က ထွက်ခွာပြီး မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် သေချာ ဆုံးဖြတ်သင့်ပါတယ်။ ရီးယဲမက်ဒရစ်မှာ ကစားသမားတိုင်း အောင်မြင်မှုရတာ မဟုတ်ပါဘူး။ ပရိသတ်တွေကလည်း အရမ်းကို တောင်းဆိုကြပါတယ်။ သူတို့က ကစားသမားသစ်အနေနဲ့ အသင်းကို အပြောင်းအလဲ ပြုလုပ်နိုင်လိမ့်မယ်လို့ တွေးထင်နေကြတာပါ။ ခရစ္စတီယာနို ရော်နယ်ဒိုလို ကစားသမားမျိုးကို ပရိသတ်တွေက အမြဲထောက်ခံအားပေးကြပေမယ့် ကစားသမားသစ်တွေ အတွက်ကတော့ ခက်ခဲပါလိမ့်မယ်။ မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံး ကလပ်တွေထဲက တစ်ခုပါ။ ဒါပေမဲ့ ဂျူဗင်တပ်စ်ကလည်း အရင်လို ခြေစွမ်းအဆင့်အတန်း ပြန်ရနေပါပြီ။ သူတို့က စီးရီးအေမှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပြီး အခုအချိန်မှာ အောင်မြင်မှုတွေ ရယူဖို့ ပြင်ဆင်နေပါတယ်” ဟု အီမာဆန်က ပြောကြားခဲ့သည်။ အသက် ၂၁ နှစ်အရွယ် ပေါ့ဂ်ဘာသည် လက်ရှိတွင် ဂျူဗင်တပ်စ်နှင့် ၂၀၁၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။

Soccer Myanmar

0 comments:

Post a Comment