Pages

Subscribe:

Friday, February 27, 2015

လီဗာပူးလ်ကို ပင်နယ်တီတွင် မည်ကဲ့သို့ အနိုင်ယူရမည်ကို သိရှိထားကြောင်း ဘီလစ် ပြောကြား



လီဗာပူးလ်ကို ပင်နယ်တီတွင် မည်ကဲ့သို့ အနိုင်ယူရမည်ကို သိရှိထားကြောင်း ဘီလစ် ပြောကြား

ကြာသပတေးနေ့က ယူရိုပါလိဂ်တွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မိမိ၏ အသင်းသည် လီဗာပူးလ်ကို အနိုင်ရရှိရန်အတွက် ယုံကြည်မှုအပြည့် ရှိခဲ့ကြောင်း ဘက်ဆစ်တက် နည်းပြ ဆလာဗန်ဘီလစ်က ပြောကြားလိုက်သည်။

တူရကီကလပ်သည် အန်ဖီးလ်တွင် ကစားခဲ့သည့် ယူရိုပါလိဂ် ပထမအကျော့တွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အိမ်ကွင်းတွင် ကစားခဲ့သည့် ဒုတိယအကျော့တွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်။ နှစ်ကျော့ပေါင်းရလဒ် ၁-၁ ဂိုးစီ ဖြစ်နေသောကြောင့် အချိန်ပို ကစားခဲ့သော်လည်း အနိုင်အရှုံးမပေါ်သဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ ဘက်ဆစ်တပ်က လီဗာပူးလ်ကို ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

“ဒီအနိုင်ရလဒ်က ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်။ ပင်နယ်တီမကန်ခင်မှာ ကစားသမားတွေကို ဖိအားမရှိဖို့ ပြောခဲ့ပါတယ်။ ဒါကပဲ အသင်းအတွက် ယုံကြည်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်” ဟု ဘီလစ်က ပြောကြားခဲ့သည်။

လီဗာပူးလ်နှင့် ပွဲသည် ဘီလစ်အတွက် ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် အသင်းနှင့် ၃ ကြိမ်မြောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဘက်ဆစ်တပ်သည် အာဆင်နယ်ကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရသလို ယူရိုပါ လိဂ်တွင် လည်း တော့တင်ဟမ် ဟော့စပါး နှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့နောက် အဲဗာတန် နောက်ခံ ကစားသမားဟောင်း ဘီလစ်က မိမိအနေဖြင့် ယူရိုပါလိဂ် နောက်တစ်ဆင့်တွင် အသင်းဟောင်းနှင့် ပြန်လည်တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ဆိုခဲ့သည်။ “ကျွန်တော်တို့က အင်္ဂလိပ်အသင်း ၃ သင်းနဲ့ ရင်ဆိုင်ခဲ့ပြီးပါပြီ။ တကယ်လို့ အဲဗာတန်က အသင်းရဲ့ နောက်ထပ် ပြိုင်ဘက် ဖြစ်လာခဲ့မယ် ဆိုရင်လည်း ကျွန်တော် အံ့အားသင့်မိမှာ မဟုတ်ပါဘူး” ဟု ဘီလစ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒမ်ဘာဘားကလည်း “ကျွန်တော်တို့က အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ အသင်းမှာလည်း အရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ အသင်းအနေနဲ့ အကောင်းဆုံး ကစားနိုင်တယ်ဆိုရင် ဘယ်ပြိုင်ဘက်အသင်းနဲ့မဆို ရင်ဆိုင်နိုင်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment