Pages

Subscribe:

Tuesday, February 17, 2015

ကာဇိုလာကို ခေါ်ယူရန် အက်သလက်တီကို စုံစမ်းမှုများ စတင်ပြုလုပ်နေဟုဆို



ကာဇိုလာကို ခေါ်ယူရန် အက်သလက်တီကို စုံစမ်းမှုများ စတင်ပြုလုပ်နေဟုဆို

အက်သလက်တီကို မက်ဒရစ် အသင်းသည် အာဆင်နယ် ကွင်းလယ်လူ ဆန်တီကာဇိုလာကို ခေါ်ယူနိုင်မည့် အလားအလာနှင့် ပတ်သက်ပြီး မေးမြန်း စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


Sky Sports၏ စပိန်ဘောလုံးရေးရာ ကျွမ်းကျင်သူ ဂြီလမ္ဘာလာဂူက စပိန္လာလီဂါ ခ်န္ပီယံ အသင်းသည် နွေရာသီ ဈေးကွက် ဖွင့်ချိန်တွင် ကာဇိုလာကို ခေါ်ယူသွားရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။ အက်သလက်တီကိုသည် ဆယ်လ်တာဗီဂိုနှင့် ပွဲစဉ်တွင် ကိုကီနှင့် အာဒါတူရန်တို့ကဲ့သို့ အဓိက ကွင်းလယ်ဖန်တီးရှင်များ မပါဝင်နိုင်သည့် အခြေအနေ၌ (၂-၀)ဖြင့် အရေးနိမ့်ခဲ့သည်။ ထို့နောက်တွင် အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်း အနေဖြင့် ဖန်တီးမှု အားပြုကစားသည့် စပိန်လက်ရွေးစင် ကာဇိုလာကို အလေးအနက် လိုလားလာကြောင်း ဘာလာဂူက ဆိုသည်။


ကာဇိုလာသည် တိုက်စစ်ပိုင်းကို ပိုမိုအားပြု ကစားလေ့ ရှိသော်လည်း ဂျက်ဝီလ်ရှိုင်းယား ဒဏ်ရာရနေချိန်တွင် အာဆင်နယ်၏ ကွင်းလယ်ဗဟို၌ နေရာယူ ကစားပေးလျက် ရှိသည်။ ဘာလာဂူက “ကာဇိုလာရဲ့ စာချုပ်က (၁၈)လပဲ သက်တမ်း ကျန်တော့တယ်။ အခုဆို အက်သလက်တီကိုက ကာဇိုလာရဲ့ အေးဂျင့်တွေနဲ့ အလေးအနက် ဆက်သွယ် မေးမြန်းနေပါပြီ။ အက်သလက်တီကို အနေနဲ့လည်း ကစားသမားဟာ သူတို့ဆီ လာပူးပေါင်းလိမ့်မယ်လို့ ယုံကြည်နေတယ်။ အဲဒီကျရင် သူတို့က ဈေးစကား ပြောဖို့ပဲ ကျန်တော့မယ်။ နွေရာသီမှာ ကာဇိုလာရဲ့ စာချုပ်က တစ်နှစ်ပဲ ကျန်တော့မယ်။ ဒါဆို ဈေးက ပိုသက်သာ သွားပါလိမ့်မယ်” ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment