Pages

Subscribe:

Sunday, February 22, 2015

ဆေးလ်ဗားသည် ပရီးမီးယားလိဂ်၏ အကောင်းဆုံး ကစားသမားဟု ဒီဇီကို ချီးကျူး



ဆေးလ်ဗားသည် ပရီးမီးယားလိဂ်၏ အကောင်းဆုံး ကစားသမားဟု ဒီဇီကို ချီးကျူး

အသင်းဖော် ဒေးဗစ်ဆေးလ်ဗားသည် ပရီးမီးယားလိဂ်၏ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း မန်ချက်စတာစီးတီး တိုက်စစ်မှူး အီဒင်ဒီဇီကိုက ချီးကျူးပြောကြားလိုက်သည်။

ဆေးလ်ဗားနှင့် ဒီဇီကိုတို့သည် မန်ချက်စတာစီးတီးက နယူးကာဆယ်ကို ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲတွင် ခြေစွမ်းပြသခဲ့သည့် ကစားသမားများ ဖြစ်သည်။ အဆိုပါပွဲတွင် ဆေးလ်ဗားသည် ဒီဇီကို၏ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ဒုတိယပိုင်းတွင် ကိုယ်တိုင် နှစ်ဂိုး သွင်းယူခဲ့သည်။

ထို့နောက် မိမိ၏ သွင်းဂိုးအတွက် လှပစွာ ဖန်တီးပေးခဲ့သည့် ဆေးလ်ဗားသည် ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ဒီဇီကိုက ချီးကျူးစကား ဆိုခဲ့သည်။ “ဒေးဗစ်ရဲ့ ဖန်တီးမှုက ပထမတန်းစားပါပဲ။ ကျွန်တော့်အတွက်ကတော့ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါ။ ဒေးဗစ်နဲ့ ကစားရင် ဘယ်အချိန်မဆို ဂိုးသွင်းယူနိုင်ပါလိမ့်မယ်” ဟု ဒီဇီကိုက ပြောကြားခဲ့သည်။

အဆိုပါ နိုင်ပွဲကြောင့် မန်ချက်စတာစီးတီးသည် လက်ကျန်ပွဲ ၁၂ ပွဲ ကျန်ရှိချိန်တွင် အမှတ်ပေးဇယားထိပ်မှ ချယ်ဆီး၏နောက် ၅ မှတ်အကွာတွင် ရပ်တည်နိုင်ခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ဒီဇီကိုက မန်စီးတီး အနေဖြင့် မေလတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှ ချယ်ဆီးကို အမီလိုက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။

“ကျွန်တော်တို့ ကျိန်းသေ အမီလိုက်နိုင်ပါလိမ့်မယ်။ လူတွေက ၅ မှတ်ဆိုတာ ကွာခြားချက် ကြီးမားတယ်လို့ ထင်နေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီနေ့ပွဲလို ဆက်ကစားနိုင်ခဲ့မယ်ဆိုရင် ချယ်ဆီးကို ကျိန်းသေ အမီလိုက်နိုင်ပါလိမ့်မယ်။ အခုလို အနိုင်ရပြီး အမှတ်ကွာခြားချက်ကို ကျဉ်းမြောင်းနိုင်စေခဲ့တာက သိပ်ကိုကောင်းပါတယ်” ဟု ဒီဇီကိုက ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment