Pages

Subscribe:

Tuesday, June 23, 2015

ဂျူဗင်းတပ်စ် အတွက် ဂိုးသွင်းစက် ဖြစ်လာရန် မန်ဇူကစ် မျှော်လင့်



ဂျူဗင်းတပ်စ် အတွက် ဂိုးသွင်းစက် ဖြစ်လာရန် မန်ဇူကစ် မျှော်လင့်

ဂျူဗင်းတပ်စ် အသင်းအတွက် အားကိုးအားထား ပြုထိုက်သည့် ဂိုးသွင်းစက် တစ်ခု ဖြစ်လာရန် မျှော်လင့် ရည်မှန်းကြောင်း တိုက်စစ်မှူးသစ် မာရီယို မန်ဇူကစ်က ဖွင့်ဟ ပြောကြားလိုက်သည်။
ခရိုအေးရှား လက်ရွေးစင် မန်ဇူကစ်သည် အက်သလက်တီကို မက်ဒရစ်မှ ဂျူဗင်းတပ်စ်သို့ ယူရို (၁၉)သန်းဖြင့် ပြောင်းရွှေ့ ဖြစ်ခဲ့ပြီး ယမန်နေ့က တရားဝင် စာချုပ် ချုပ်ဆိုခဲ့သည်။ မန်ဇူကစ်သည် ဘိုင်ယန်မြူးနစ်မှ အက်သလက်တီကိုသို့ ကူးပြောင်းပြီးနောက် စပိန်တွင် တစ်ရာသီသာ ကစားပြီး အီတလီ ချန်ပီယံ အသင်းထံ ရောက်ရှိလာခြင်း ဖြစ်သည်။ ဂျူဗင်းတပ်စ်သည် မန်ဇူကစ်အတွက် ပြောင်းရွှေ့ကြေးကို အရစ်ကျ သုံးသုတ်ခွဲ၍ ပေးချေရမည်ဖြစ်ပြီး ယူရို(၇)သန်းကို ဩဂုတ်လ မတိုင်မီတွင်လည်းကောင်း၊ နောက်ထပ် ယူရို(၆)သန်းစီကို (၂၀၁၆)နှင့် (၂၀၁၇)ခုနှစ်များတွင်လည်းကောင်း အက်သလက်တီကိုထံ လွှဲပေးရမည်ဟု သိရှိရသည်။
မန်ဇူကစ်သည် ယမန်နှစ်က အက်သလက်တီကိုအတွက် ပြိုင်ပွဲပေါင်းစုံတွင် သွင်းဂိုး(၂၀)ထိ သွင်းယူနိုင်ခဲ့သည်။ မန်ဇူကစ်က “ဂျူဗင်းတပ်စ်လို အသင်းကြီး တစ်ခုမှာ ပါဝင်ကစားခွင့်ရလို့ ကျွန်တော် ဝမ်းသာပါတယ်။ နည်းပြက ကျွန်တော့်အကြောင်း ကောင်းကောင်းသိပြီး ကျွန်တော့်ဆီက အကောင်းဆုံးတွေကို ထုတ်နုတ် အသုံးချနိုင်မယ်လို့ မျှော်လင့်မျှော်လင့်၊ ယုံလည်းယုံကြည်ပါတယ်။ အသင်းဖော်တွေ လိုအပ်တာမှန်သမျှ ပံ့ပိုးပေးဖို့ ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော် ဂျူဗင်းတပ်စ်၊ အီတလီတို့နဲ့ အကြိမ်တချို့ ရင်ဆိုင် ကစားဖူးပါတယ်။ သူတို့အကြောင်း ကောင်းကောင်း သိပြီးသားပါ။ ဂျူဗင်းတပ်စ်ဟာ မာကျောပြီး အရည်အသွေး ပြည့်ဝတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်”ဟု ဆိုသည်။
၎င်းက “အသင်းဖော် အသစ်တွေနဲ့ အတူ ဖြစ်နိုင်ခြေရှိသမျှ အောင်မြင်မှုအားလုံး သိမ်းကျုံး ရယူနိုင်ဖို့ ကျွန်တော် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ အသင်းအတွက် ဂိုးတွေ ရနိုင်သလောက် အများကြီး သွင်းယူပေးဖို့လည်း မျှော်လင့်ထားပါတယ်။ ကျွန်တော်ဟာ ပရိသတ်အင်အား တောင့်တင်းလှတဲ့ အသင်းကြီး တစ်သင်းကို ရောက်လာမှန်း သဘောပေါက် ထားပြီးသားပါ။ စိန်ခေါ်မှု အသစ်အတွက် ကျွန်တော် ပျော်ပါတယ်။ ကျွန်တော် အဆင်သင့်လည်း ဖြစ်နေပါပြီ” ဟု ပြောကြား သွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment