Pages

Subscribe:

Wednesday, June 24, 2015

ယူနိုက်တက် တောင်ပံလူ နာနီ ဖီနာဘာချီနှင့် ဆွေးနွေးနေ



ယူနိုက်တက် တောင်ပံလူ နာနီ ဖီနာဘာချီနှင့် ဆွေးနွေးနေ

မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ်နာနီသည် တူရကီကလပ် ဖီနာဘာချီနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

Sky Sportsက ပေါ်တူဂီ လက်ရွေးစင် ကစားသမားသည် ဖီနာဘာချီ၏ စိတ်ဝင်တစား ချဉ်းကပ်လာမှုကို လက်ခံပြီး ဆွေးနွေးခဲ့ခြင်းဟု Sky Sportsက ဖော်ပြခဲ့သည်။ နာနီသည် ပြီးခဲ့သည့် ရာသီက ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းတွင် အငှားထွက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သည်။ စပို့တင်းသည် (၂၀၀၇)ခုနှစ်က ယူနိုက်တက်သို့ ပေါင်စတာလင် (၁၈)သန်းဖြင့် ၎င်းပြောင်းရွှေ့လာချိန်တွင် စွန့်ခွာခဲ့သည့် ငယ်ဘဝ အသင်းဟောင်းလည်း ဖြစ်သည်။ အသက်(၂၈)နှစ် ရှိပြီဖြစ်သည့် နာနီသည် ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ အနာဂတ် စီမံကိန်းများတွင် ပါဝင်ခွင့်ရရန် အခွင့်အလမ်း နည်းနေပြီး အသင်းကလည်း ၎င်းကို ရောင်းထုတ်သွားဖွယ် ရှိနေသည်။

ဖီနာဘာချီ အသင်းသည် လက်ရှိ လူအင်အားကို ပိုမိုတောင့်တင်းအား အားဖြည့် တည်ဆောက်ရန် ပြင်ဆင်နေရာ နာနီသည် စိတ်ဝင်စားဖွယ် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။ နာနီသည် ပြီးခဲ့သည့် ရာသီက ပေါ်တူဂီလိဂ် ပွဲစဉ် (၃၅)ပွဲတွင် (၁၂)ဂိုး သွင်းယူနိုင်ပြီး ခြေစွမ်းပြခဲ့သလို စပို့တင်း ဘရာဂါကို အနိုင်ရသည့် ပေါ်တူဂီ ရှုံးထွက်ဖလား ဗိုလ်လုပွဲတွင်လည်း ပင်နယ်တီ အဆုံးအဖြတ်၌ ဂိုးသွင်းကာ အသင်းကို ဖလားရအောင် အကူအညီ ပေးခဲ့သည်။ ၎င်းသည် ယူနိုက်တက် ကစားသမား ဘဝတွင် ပရီးမီးယားလိဂ် ချန်ပီယံဆု (၄)ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလားတို့ကိုလည်း ရရှိထားဖူးသည်။

Soccer Myanmar

0 comments:

Post a Comment