Pages

Subscribe:

Friday, June 26, 2015

ဂျပန်-မဲခေါင် ယူ-၁၅ ဘောလုံး ပြိုင်ပွဲကို မြန်မာ ယူ-၁၅ ၀င်ပြိုင်မည်



ဂျပန်-မဲခေါင် ယူ-၁၅ ဘောလုံး ပြိုင်ပွဲကို မြန်မာ ယူ-၁၅ ၀င်ပြိုင်မည်

ဂျပန်နိုင်ငံ အိုဆာကာ မြို့တွင် ကျင်းပမည့် ဂျပန်-မဲခေါင် ယူ-၁၅ ဘောလုံး ပြိုင်ပွဲသို့ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ မြန်မာ ဘောလုံးအကယ်ဒမီ အသက် ၁၅ နှစ်အောက် အသင်းဖြင့် ၀င်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း MFF က ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး မဲခေါင် ဒေသတွင်း နိုင်ငံများ အပါအ၀င် အာရှ နိုင်ငံများ အတွင်းရှိ ကလေးငယ် များ၏ ဘောလုံး အဆင့်အတန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဂျပန်
နိုင်ငံနှင့် မဲခေါင် ဒေသတွင်း နိုင်ငံများ အကြား ပိုမို ချစ်ကြည် ရင်းနှီးမှု ရရှိရေး အတွက် ဦးတည် ကျင်းပခြင်း ဖြစ်သည်။ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ ကျင်းပမည့် အဆိုပါ ပြိုင်ပွဲသို့ မဲခေါင်ဒေသတွင်း ၅ နိုင်ငံ ဖြစ်သည့် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများမှ ယူ-၁၅ အသင်းများ အပြင် ဂျပန် ယူ-၁၅ အသင်း၊ ဂျေလိဂ် ပထမတန်း ကလပ်များ ဖြစ်ကြသည့် ဗစ်ဆဲလ်ကိုဘေး ယူ-၁၅ အသင်းနှင့် ဆန်ဖရီချီ ဟီရိုရှီးမား ယူ-၁၅ အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြိုင်ပွဲ၏ အုပ်စု ခွဲဝေမှု အရ မြန်မာ အသင်းအနေဖြင့် အုပ်စု(ခ)တွင် ထိုင်း၊ လာအို၊ ဟီရိုရှီးမား အသင်းများနှင့် ကျရောက်နေပြီး အုပ်စု အဖွင့်ပွဲစဉ်ကို ဟီရိုရှီးမား အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စုပတ်လည် ပုံစံဖြင့် ကျင်းပမည် ဖြစ်ပြီး အုပ်စုပတ်လည် ပွဲများ ပြီးဆုံးပါက ပြိုင်ပွဲ၏ ရပ်တည်မှုကို သတ်မှတ်နိုင်ရန် အတွက် အုပ်စုတွင်း ရပ်တည်မှု တူသည့် အသင်း အချင်းချင်း ထပ်မံ ကစားရမည် ဖြစ်သည်။

ဂျပန်-မဲခေါင် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ ဘောလုံးအကယ်ဒမီ ယူ-၁၅ အသင်း
————————————
အုပ်ချုပ် နည်းပြ အဖွဲ့
ဦးစိုးညွန့် (အဖွဲ့ခေါင်းဆောင်)၊ ဦးတင်မောင်ဝင်း (နည်းပြချုပ်)၊ ဦးရဲဝင့်သူ (လက်ထောက်နည်းပြ)၊ ဦးမြင့်ဦး (ဂိုးနည်းပြ)၊ ဦးအောင်အောင် (အကြောပြင်)။
ကစားသမားများ
ထက်ဝေလျံစိုး၊ အောင်မြင့်မြတ်၊ အောင်ဝဏ္ဏစိုး၊ မြင့်မြတ်သူ၊ အောင်အောင်ဇင်၊ ပြည့်ဖြိုးမောင်၊ ဘိုဘိုအောင်၊ သက်ပိုင်ထွေး၊ မြတ်ကောင်းခန့်၊ သီဟဇော်၊ ပြည့်စုံနိုင်၊ ထွန်းဆိုင်၊ ထက်ဖြိုးဝေ၊ ဟိန်းထက်အောင်၊ ၀င်းနိုင်ထွန်း၊ သက်ပိုင်ထူး၊ ကျော်ကျော်ထက်။

Soccer Myanmar

0 comments:

Post a Comment