Pages

Subscribe:

Monday, June 29, 2015

ရှနိုက်ဒါလင်နေရာ အစားထိုးရန် မာဆေးလ် ကွင်းလယ်လူ အင်မ်ဘူလာကို ဆောက်သမ်တန် ချိန်ရွယ်



ရှနိုက်ဒါလင်နေရာ အစားထိုးရန် မာဆေးလ် ကွင်းလယ်လူ အင်မ်ဘူလာကို ဆောက်သမ်တန် ချိန်ရွယ်

ဆောက်သမ်တန် အသင်းသည် မော်ဂန် ရှနိုက်ဒါလင်၏ နေရာတွင် အစားထိုးရန် အတွက် အိုလံပစ်မာဆေးလ် ကစားသမား ဂီယန်နယ်လီ အင်မ်ဘူလာကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

အသက်(၂၅)နှစ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ရှနိုက်ဒါလင်သည် ဆောက်သမ်တန်မှ ထွက်ခွာဖြစ်ရန် သေချာနေပြီး မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ဖြစ်မည်ဟု သတင်းကြီးလျက် ရှိသည်။ အင်တာမီလန် အသင်းသည် ၎င်းတို့ မိုနာကိုထံမှ ခေါ်ယူထားသည့် ယက်ဖရေ ကွန်ဒေါ့ဘီယာနှင့် ကွင်းလယ်တွင် တွဲဖက်ပေးရန် အင်မ်ဘူလာကို စိတ်ဝင်စားနေသော်လည်း ဆောက်သမ်တန်ကမူ အသက် (၂၂)နှစ်အရွယ် ဘယ်လ်ဂျီယံဖွား ပြင်သစ် ကွင်းလယ်ခံစစ်သမားလေးနှင့် အနီးစပ်ဆုံး ဖြစ်နေသည်ဟု ယုံကြည်ရသည်။

ပေါ်တိုအသင်းသည်လည်း ကွင်းလယ်တွင် မာမာထန်ထန် ဖြတ်တောက် ကစားနိုင်သည့် အင်မ်ဘူလာကို စိတ်ဝင်စားမှု ပြသလျက် ရှိသည်။ ဆောက်သမ်တန် မန်နေဂျာ ရော်နယ်လ်ကိုးမန်းသည် အင်မ်ဘူလာအတွက် ပေါင်စတာလင် (၁၅)သန်းမျှထိ အသုံးပြုပြီး မာဆေးလ်ကို ချဉ်းကပ်သွားဖွယ် ရှိနေသည်။ တော့တင်ဟမ် ဟော့စပါးသည် အင်မ်ဘူလာအတွက် ပေါင်စတာလင် (၆)သန်းတန် ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့သော်လည်း ပြင်သစ်ကလပ်က ချက်ချင်း ပယ်ချခဲ့သည်။

ဆောက်သမ်တန်သည် ရှနိုက်ဒါလင် နေရာတွင် အစားထိုးရန်အတွက် ဖိုင်ယန်နော့ဒ်မှ ယော်ဒီကလာဆီ၊ လိုင်လီမှာ အိုင်ဒရစ်ဆာ ဂွီယီတို့အပြင် နယူးကာဆယ်လ် ယူနိုက်တက် ကစားသမားဟောင်းဖြစ်သည့် လက်ရှိ PSG ကွင်းလယ်လူ ယိုဟန်ကာဘာယီတို့ကိုပါ စောင့်ကြည့်လျက်ရှိသည်။

Soccer Myanmar

0 comments:

Post a Comment