Pages

Subscribe:

Friday, June 26, 2015

မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် ဦးကြည်လွင်အား ခန့်အပ်ရန် စီစဉ်နေကြောင်း သိရ



မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် ဦးကြည်လွင်အား ခန့်အပ်ရန် စီစဉ်နေကြောင်း သိရ

မြန်မာ့ လက်ရွေးစင် အသင်း၏ နည်းပြချုပ်နေရာအား ဦးကြည်လွင်ကို ခန့်အပ်ဖို့ MFF အနေနဲ့ စီစဉ်နေကြောင်း သိရပြီး လက်ရှိ နည်းပြ အေဗရာမိုဗစ်အား နည်းစနစ် ဒါရိုက်တာအဖြစ် ပြောင်းလဲ ခန့်အပ်ဖို့ စီစဉ်နေကြာင်း သိရသည်။

“ကျွန်တော်တို့ အနေနဲ့ ဦးကြည်လွင်ကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ ဦးကြည်လွင်အပြင်  MFF နည်းစနစ်ကော်မတီနဲ့လည်း ညှိနှိုင်းဆောင်ရွက်ရဦးမှာပါ။ လက်ရှိ မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ်ဖြစ်တဲ့ အေဗရာမိုဗစ်ကို နည်းစနစ်ဒါရိုက်တာ အဖြစ် ပြောင်းလဲ ခန့်အပ်ဖို့ စီစဉ်နေပါတယ်”ဟု MFF မီဒီယာ တာဝန်ခံက ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲတွင် နိုင်ပွဲမရရှိသေးဘဲ လာအိုအသင်းနှင့် အဝေးကွင်းတွင် နှစ်ဂိုးစီ သရေကျကာ အိမ်ကွင်းအဖြစ် ကစားခဲ့သည့် တောင်ကိုရီးယားအသင်းနှင့်ပွဲတွင် (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်(၃)အဖြစ် လာမည့် စက်တင်ဘာ ၃ ရက်တွင် ကူဝိတ်လက်ရွေးစင်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Soccer Myanmar

0 comments:

Post a Comment