Pages

Subscribe:

Tuesday, June 30, 2015

မီလန်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားကြောင်း ဘက်ကာ အတည်ပြု



မီလန်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားကြောင်း ဘက်ကာ အတည်ပြု

အေစီမီလန်သို့ ပြောင်းရွှေ့ရန်အတွက် သဘောတူညီမှုတစ်ရပ် ရရှိထားကြောင်း ဆီဗီလား တိုက်စစ်မှူး ကားလို့စ်ဘက်ကာက အတည်ပြု ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဘက်ကာသည် လီဗာပူးလ် အပါအဝင် ၎င်းကို ချိတ်ဆက်နေသည့် အသင်းများအနက်မှ အေစီမီလန်ကို ရွေးချယ်ခဲ့ကြောင်း ကစားသမား၏ အေးဂျင့်ဖြစ်သူ ဆာဂျီယိုဘာရီလာက ဖွင့်ဟခဲ့သည်။

ထို့နောက် ဘက်ကာက ၎င်း၏အေးဂျင့်ဖြစ်သူ၏ ထုတ်ဖော်ပြောကြားချက်ကို အတည်ပြုခဲ့ပြီး မီလန်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခြင်းသည် အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

“မီလန်နဲ့ သဘောတူညီမှု ရထားတယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့ သူတို့နဲ့ စကားပြောပြီးပါပြီ။ ဒါဟာ အမှန်တရားပါ” ဟု ဘက်ကာက ပြောကြားခဲ့သည်။

ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သည့် ဘက်ကာသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း လာလီဂါ၌ ၃၄ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment