Pages

Subscribe:

Sunday, June 28, 2015

အေစီမီလန်နှင့် ပုဂ္ဂိုလ်ရေးရာ သဘောတူညီချက် ရရှိခဲ့ကြောင်း ဘက်ကာ အေးဂျင့် အတည်ပြု



အေစီမီလန်နှင့် ပုဂ္ဂိုလ်ရေးရာ သဘောတူညီချက် ရရှိခဲ့ကြောင်း ဘက်ကာ အေးဂျင့် အတည်ပြု

ဆီဗီလာ ကြယ်ပွင့် ကားလို့စ်ဘက်ကာသည် အေစီမီလန်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီး ကစားသမား အနေဖြင့် အီတလီကလပ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ကြောင်း ၎င်း၏အေးဂျင့်က ပြောကြားလိုက်သည်။

ကိုလံဘီယာ လက်ရွေးစင် ကစားသမားသည် ပြီးခဲ့သည့် နှစ်ရာသီအတွင်း လာလီဂါတွင် ၃၄ ဂိုး သွင်းယူခဲ့ပြီး အသင်းကို ယူရိုပါလိဂ်တွင် နှစ်နှစ်ဆက် ပါဝင်နိုင်ရန် ကူညီပေးနိုင်ခဲ့သည်။

ဘက်ကာကို ပရီးမီးယားလိဂ်အသင်းများ ဖြစ်သော လီဗာပူးလ်နှင့် မန်ချက်စတာယူနိုက်တက်တို့က ချိတ်ဆက်ခဲ့ကြသော်လည်း ယခုအခါတွင် မီလန်သို့ ပြောင်းရွှေ့ရန် နီးစပ်နေကြောင်း အေးဂျင့်က အတည်ပြုခဲ့သည်။

“မီလန်နဲ့ ကျွန်တော့် ကစားသမားတို့က သဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့တယ်ဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ကားလို့စ်က သူ့အနာဂတ်အတွက် အကောင်းဆုံးအရာကို ရွေးချယ်ခဲ့တာပါ။ ဘယ်နှစ်နှစ်စာအတွက် သဘောတူညီမှု ရခဲ့တယ်ဆိုတာကိုတော့ အေစီမီလန်ကိုပဲ မေးတာ အကောင်းဆုံးပါ” ဟု ဘက်ကာ၏အေးဂျင့် ဆာဂျီယိုဘာရယ်လာက ပြောကြားခဲ့သည်။

မီလန်သည် ဘက်ကာ၏ ကိုလံဘီယာ အသင်းဖော် ဂျက်ဆန်မာတီနက်ဇ်ကို ချိတ်ဆက်ခဲ့သော်လည်း အဆိုပါ ပေါ်တို တိုက်စစ်မှူးက အက်သလက်တီကို မက်ဒရစ်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment