Pages

Subscribe:

Thursday, June 25, 2015

ရက်ပိုင်းအတွင်း အနာဂတ်နှင့် ပတ်သက်၍ တိတိကျကျ ကြေညာနိုင်ရန် ရှနိုက်ဒါလင် မျှော်လင့်



ရက်ပိုင်းအတွင်း အနာဂတ်နှင့် ပတ်သက်၍ တိတိကျကျ ကြေညာနိုင်ရန် ရှနိုက်ဒါလင် မျှော်လင့်

မကြာမီ ရက်ပိုင်းများအတွင်း မိမိ၏ အနာဂတ် အသင်းသစ်ကို တိတိကျကျ ကြေညာနိုင်ရန် မျှော်လင့်ကြောင်း မော်ဂန် ရှနိုက်ဒါလင်က ဖွင့်ဟ ပြောကြားလိုက်သည်။

ဆောက်သမ်တန် အသင်းမှ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူသည် နွေရာသီတွင် အသင်းပြောင်းရန် ကြိုးစားနေပြီး ဥရောပ ချန်ပီယံလိဂ်တွင် ကစားခွင့် ရလိုကြောင်း ထုတ်ဖော် ဝန်ခံထားခဲ့ဖူးသည်။ တော့တင်ဟမ် ဟော့စပါးသည် ရှနိုက်ဒါလင်ကို စိတ်ဝင်စားနေသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ခြင်းကြောင့် ယင်းအပြောင်းအရွှေ့ ဖြစ်နိုင်မည့် အလားအလာ မရှိတော့ဘဲ အာဆင်နယ် အသင်းကမူ ရှနိုက်ဒါလင်ကို ဆက်လက် စောင့်ကြည့်နေသည်။ ထို့အပြင် မန်ချက်စတာ ယူနိုက်တက်ကလည်း ကစားသမားအတွက် ဆက်သွယ် မေးမြန်းမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အသက်(၂၅)နှစ်ရှိ ကစားသမားက “လောလောဆယ် ညှိနှိုင်းမှုတွေက ဆက်ဖြစ်နေဆဲပါ။ လာမယ့်ရက်ပိုင်းမှာတော့ အပြီးသတ်နိုင်မယ် ထင်ပါတယ်။ အဲဒါကလည်း လာမယ့်သီတင်းပတ်၊ ဆောက်သမ်တန်ရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ ပြန်မစခင်မှာ ဖြစ်မြောက်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။ ဆောက်သမ်တန် အသင်းသည် ကစားသမားများကို ဇွန်လ (၂၉)ရက်တွင် အသင်းသို့ ပြန်လည် သတင်းပို့ရန် ညွှန်ကြားထားပြီး ထို့နောက်တွင် လာမည့် ရာသီသစ်အတွက် လေ့ကျင့်ရေး အစီအစဉ်များကို စတင်သွားမည် ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment