Pages

Subscribe:

Tuesday, June 30, 2015

မိုနာကို နောက်ခံလူ ဖေဘင်ဟိုကို မန်စီးတီး စိတ်ဝင်စားနေ



မိုနာကို နောက်ခံလူ ဖေဘင်ဟိုကို မန်စီးတီး စိတ်ဝင်စားနေ

မန်ချက်စတာစီးတီး အသင်းသည် မိုနာကို တောင်ပံခံစစ်မှူး ဖေဘင်ဟိုကို ခေါ်ယူရန် အလေးအနက် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မန်စီးတီးသည် ညာခြမ်းနောက်ခံလူ နှစ်ဦးဖြစ်သည့် ပက်ဘလို ဇာဘလက်တာရော၊ ဘာကလေဆက်ဂ်ညာတို့ပါ အသက်(၃၀)အထက် ရှိနေပြီ ဖြစ်သောကြောင့် အဆိုပါ နေရာကို အသက်(၂၁)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင်ဖြင့် သွေးသစ်လောင်း အားဖြည့်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ပြင်သစ်ကလပ်၏ ခေါ်ဈေးကြောင့် မန်စီးတီး အနေဖြင့် လက်တွေ့ကမ်းလှမ်းရန် အလေးအနက် စဉ်းစားဖွယ် ရှိနေသည်။ မိုနာကိုသည် ဖေဘင်ဟိုကို ပေါင်စတာလင် (၄)သန်းမျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ပေါင်စတာလင် (၁၅)သန်းဖြင့် ပြန်လည်ရောင်းချရန် စီစဉ်ထားသည်။

မန်စီးတီး၏ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်သည်လည်း ၎င်းတို့ လိုအပ်နေသည့် ညာခြမ်းခံစစ် နေရာအတွက် ဖေဘင်ဟိုကို စောင့်ကြည့်လျက် ရှိသည်။ ဖေဘင်ဟိုသည် ရီယိုအေ့ဗ် အသင်းမှ ရီးယဲလ်မက်ဒရစ်သို့ အငှားသွားရောက် ကစားဖူးသော်လည်း မအောင်မြင်ဘဲ ယမန်နှစ် ဘောလုံးရာသီတွင် မိုနာကို၌ အငှားကစားကာ ခြေစွမ်းပြနိုင်ခဲ့သည်။ ထို့နောက်တွင်မူ မိုနာကိုက ဖေဘင်ဟိုအား အပြတ် ဝယ်ယူလိုက်ပြီး ယခုအခါ မန်ချက်စတာ နှစ်သင်းက ကစားသမားကို စိတ်ဝင်စားလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment