Pages

Subscribe:

Friday, June 26, 2015

လာမည့်ရာသီ ပုံမှန်ပွဲ ကစားခွင့် ရရှိရန် အရေးကြီးကြောင်း ဗန်ပါစီဝန်ခံ



လာမည့်ရာသီ ပုံမှန်ပွဲ ကစားခွင့် ရရှိရန် အရေးကြီးကြောင်း ဗန်ပါစီဝန်ခံ

လာမည့်ရာသီတွင် မိမိအတွက် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိရေးသည် အလွန် အရေးတကြီး လိုအပ်ကြောင်း ရော်ဘင်ဗန်ပါစီက ဝန်ခံ ပြောကြားလိုက်သည်။

အသက်(၃၂)နှစ် ပြည့်တော့မည်ဖြစ်သည့် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးက (၂၀၁၆)ခုနှစ်၊ ဥရောပဖလား ပြိုင်ပွဲဝင် နယ်သာလန် အသင်းတွင် ပါဝင်ခွင့်ရရန် ရည်ရွယ်ထားရာ ကြံ့ခိုင်မှုကို ထိန်းသိမ်းထားရန်အတွက် ပုံမှန်ပွဲကစားခွင့်ကို အလေးထား စဉ်းစားနေခြင်း ဖြစ်သည်။ ဗန်ပါစီသည် ပြီးခဲ့သည့် ရာသီက မန်ချက်စတာ ယူနိုက်တက်တွင် အသင်းခေါင်းဆောင် ဝိန်းရွန်နီ၏ အရန်အဖြစ်သာ အဓိက နေရာရခဲ့ပြီး ယခုကဲ့သို့ ပြောဆိုလာခြင်းက ၎င်း၏ ယူနိုက်တက် အနာဂတ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။

“ယူနိုက်တက်နဲ့ စပြီး စာချုပ်ဖြစ်ကတည်းက တစ်နေ့နေ့မှာ ဒီလိုသတင်းတွေ ဖြစ်လာမယ် ဆိုတာကို ကြိုတွေးပြီးသားပါ။ နောက်နှစ်မှာ ဥရောပဖလား ကစားဖို့ ရှိပါတယ်။ ဒီပြိုင်ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ကစားချင်တာကြောင့် ကျွန်တော့် အနေနဲ့ ရွေးချယ်မှု တစ်ခုခုကိုတော့ လုပ်ရပါလိမ့်မယ်”ဟု ဗန်ပါစီက ဆိုသည်။ ၎င်းက “(၂၀၁၆)ခုနှစ်၊ ဥရောပ ဖလားမှာ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ပုံစံကို ပြန်ရနေဖို့ လိုပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ကျွန်တော့်ဇနီးနဲ့ သားသမီးတွေရဲ့ ဆန္ဒက ပိုအရေးကြီးပါတယ်။ ကျွန်တော့် မိသားစုဟာ ကျွန်တော့် ဆုံးဖြတ်ချက်တိုင်းမှာ ဦးစားပေးအဆင့် ထည့်စဉ်းစားရမယ့်သူတွေ ဖြစ်ပါတယ်။ သူတို့ ပျော်နေဖို့က အဓိက အကျဆုံးပါပဲ”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment