Pages

Subscribe:

Tuesday, June 23, 2015

နာပိုလီတွင် ပီပီရေနာ ဆေးစစ်မှုခံယူမည်ဟု အသင်းဥက္ကဋ္ဌ အတည်ပြု




နာပိုလီတွင် ပီပီရေနာ ဆေးစစ်မှုခံယူမည်ဟု အသင်းဥက္ကဋ္ဌ အတည်ပြု

ပီပီရေနာသည် နာပိုလီအသင်းနှင့် ဆေးစစ်မှုခံယူမည် ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ အော်ရယ်လီယို ဒီလောရန်တစ်က အတည်ပြု ပြောကြားလိုက်သည်။

ပြီးခဲ့သည့် သြဂုတ်လက ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့သော ရေနာသည် ပထမဦးစားပေး ဂိုးသမား မန်နျူရယ်နူအာ၏ အရန်ဂိုးသမားအဖြစ် ဂျာမန်ချန်ပီယံအသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားခဲ့ရသည်။

စပိန်လက်ရွေးစင် ဂိုးသမားသည် ၂၀၁၃-၁၄ ဘောလုံးရာသီက လီဗာပူးလ်မှ နာပိုလီသို့ အငှားဖြင့် သွားရောက် ကစားခဲ့ရာတွင် ၄၃ ပွဲ ပါဝင်ကစားခဲ့သူ ဖြစ်သည်။

“ပီပီနဲ့ ကျွန်တော်တို့ ချိန်းဆိုမှုတစ်ရပ် ပြုလုပ်ထားပါတယ်။ သူက ဆေးစစ်မှုခံယူဖို့အတွက် ရောမကို ရောက်လာပါလိမ့်မယ်။ အဲ့ဒီနောက် စာချုပ်မှာ လက်မှတ်ရေးထိုးသွားမှာပါ” ဟု ဒီလောရန်တစ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရာဖေးလ်ဘင်နီတက်ဇ် နေရာတွင် ဆက်ခံမည့် နည်းပြသစ် မော်ရီဇီယိုဆာရီကိုလည်း နာပိုလီအသင်းပိုင်ရှင်က ထောက်ခံပြောကြားလိုက်သည်။

“ဆာရီက ဒီရာထူးနဲ့ သင့်တော်တဲ့သူပါ။ သူက အတွေ့အကြုံကြွယ်ဝသူဖြစ်သလို အလုပ်ကိုလည်း ကြိုးစားသူပါ။ နောက်ပြီး အမ်ပိုလီအသင်းနဲ့ စီးရီးအေ တစ်ရာသီ ဖြတ်သန်းလာခဲ့သူပါ။ သူ့ရဲ့ ဘောလုံးဒဿနက ကျွန်တော့်ကို အများကြီး စိတ်ဝင်စားစေပါတယ်” ဟု နာပိုလီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment