Pages

Subscribe:

Tuesday, June 23, 2015

ယူနိုက်တက် ပထမအသင်းတွင် ကစားခွင့်ရလာရန် လင်းဂါ့ဒ်မျှော်လင့်



ယူနိုက်တက် ပထမအသင်းတွင် ကစားခွင့်ရလာရန် လင်းဂါ့ဒ်မျှော်လင့်

လာမည့်ရာသီ မန်ချက်စတာ ယူနိုက်တက် ပထမအသင်းတွင် ပါဝင်ကစားရန် အခွင့်အရေးများ ရရှိလာမည်ဟု မျှော်လင့်ကြောင်း ယက်ဆီလင်းဂါ့ဒ်က ဖွင့်ဟ ပြောကြားခဲ့သည်။

အသက်(၂၂)နှစ် အရွယ်ရှိ အင်္ဂလန် ကွင်းလယ် ကစားသမားလေးသည် ပြီးခဲ့သည့် ရာသီက မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ အခွင့်အရေးပေး အသုံးပြုမှုကို ခံခဲ့ရသော်လည်း ဆွမ်ဆီးစီးတီးနှင့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် အက်ရှ်လေဝီလျံ၏ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။ ထို့နောက် (၆)လမျှ အကြာတွင်မှ ဘောလုံး ပြန်ကစားနိုင်ခဲ့ပြီး ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီသို့ အငှားပြောင်းရွှေ့ခဲ့ရသည်။ လာမည့်ရာသီတွင်မူ ဗန်ဂါးလ်၏ အသင်း၌ ပြန်လည် ကစားခွင့် ရရှိလာမည်ဟု လင်းဂါ့ဒ်က မျှော်လင့်နေသည်။

“ကျွန်တော် ယူနိုက်တက်မှာပဲ ဆက်နေမှာပါ။ အသင်းနဲ့အတူ ပွဲတချို့ ကစားခွင့် ရလာဖို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ဆိုသည်။ လင်းဂါ့ဒ်က “ကျွန်တော်က ယူနိုက်တက်အတွက် ကစားဖို့ အမြဲတမ်း စိတ်ဆန္ဒ ပြင်းပြခဲ့တာပါ။ ဒါဟာ ကျွန်တော့် ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ မနှစ်က ရာသီအစမှာတင် ဒဏ်ရာ ရသွားတာကတော့ တော်တော် ကံမကောင်းတာပါပဲ။ အဲဒီဒဏ်ရာသာ မရခဲ့ရင် ကျွန်တော် ဘယ်လောက်ထိ လုပ်ပြနိုင်မယ် ဆိုတာကို မခန့်မှန်းနိုင်ပါဘူး။ အသင်းအတွက် ဂိုးတွေ သွင်းယူပြီး အကူအညီ ပေးနိုင်မယ်ဆိုရင် ဒါဟာ ကျွန်တော့်အတွက်လည်း အကောင်းဆုံး ဖြစ်လာမှာပါ”ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment