Pages

Subscribe:

Tuesday, June 23, 2015

ရီးယဲလ် လူစာရင်းကို အားဖြည့် တည်ဆောက် သွားမည်ဟု ဘင်နီတက်ဇ် ကတိပြု



ရီးယဲလ် လူစာရင်းကို အားဖြည့် တည်ဆောက် သွားမည်ဟု ဘင်နီတက်ဇ် ကတိပြု

ရီးယဲလ်မက်ဒရစ် အသင်းအတွက် နွေရာသီတွင် ကစားသမားသစ်များ ခေါ်ယူသွားမည်ဖြစ်ကြောင်း နည်းပြသစ် ရာဖာဘင်နီတက်ဇ်က ကတိပြု ပြောကြားလိုက်သည်။
ရီးယဲလ်သည် ဘရာဇီးလ် ကစားသမား နှစ်ဦးဖြစ်သည့် ဒါနီလိုနှင့် ကက်စ်မဲရိုတို့ကို အားဖြည့်ထားပြီး ဖြစ်သည်။ ဒါနီလိုသည် ပေါ်တိုမှ ပြောင်းရွှေ့လာပြီး ကက်စ်မဲရိုကမူ အငှားထွက်ကစားနေရာမှ အသင်းသို့ ပြန်လည် ပူးပေါင်း ရောက်ရှိလာခြင်း ဖြစ်သည်။ ဘင်နီတက်ဇ်က နောက်ထပ် ကစားသမားသစ်များသည် ဘာနေဗျူးသို့ အားဖြည့် ရောက်ရှိလာမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ လတ်တလောတွင် ရီးယဲလ်သည် မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို အလေးအနက် ချိတ်ဆက်လျက် ရှိသည်။
ဘင်နီတက်ဇ်က “သေချာပေါက် အားဖြည့်မှုတွေ လုပ်သွားမှာပါ။ ဒါနီလိုနဲ့ ကက်စ်မဲရိုက အကောင်းဆုံး ဥပမာတွေပါပဲ။ အသင်းဟာ လက်ရှိစုဖွဲ့မှုကို မြှင့်တင်ဖို့ နေ့တိုင်း အားထုတ် ကြိုးစားနေပါတယ်။ ရှေ့မှာ ကြုံလာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ ကစားသမားသစ်တွေကို စုဆောင်း ခေါ်ယူသွားမှာပါ။ ဒါပေမဲ့ တစ်ခုတော့ ပြောပါရစေ။ ရှိရင်းစွဲ ရီးယဲလ်အသင်း လူစာရင်းကို ပိုကောင်းအောင် မြှင့်တင်ဖို့ ဆိုတာက အရမ်းခက်ပါလိမ့်မယ်။ လက်ရှိအသင်းဟာ အရာရာကို အောင်မြင်ဖူးပြီးသား အခြေအနေမျိုး ဖြစ်နေပြီး အမြင့်ဆုံး အဆင့်ဆိုတာ သက်သေ ပြပြီးသားပါ။ အသင်းက ဈေးကွက်ထဲမှာ လှုပ်ရှားဦးမယ် ဆိုရင်လည်း ပရိသတ်တွေ အနေနဲ့ အသင်းရဲ့ တောင်းဆိုမှုအတိုင်း ဖြည့်ဆည်းနိုင်မယ့် ကစားသမားမျိုးတွေကို လိုလားကြပါလိမ့်မယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment