Pages

Subscribe:

Wednesday, June 24, 2015

ယူနိုက်တက်နှင့် သတင်းများ အပေါ် နှုတ်ဆိတ်နေသည့် ရာမို့စ်



ယူနိုက်တက်နှင့် သတင်းများ အပေါ် နှုတ်ဆိတ်နေသည့် ရာမို့စ်

မန်ချက်စတာ ယူနိုက်တက်နှင့် သတင်းများ ထွက်ပေါ်နေမှု အပေါ် ဆာဂျီယို ရာမို့စ် အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

ရီးယဲလ်မက်ဒရစ် အသင်းသည် ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာကို ကမ်းလှမ်းခေါ်ယူရန် ပြင်ဆင်နေရာ ယူနိုက်တက်က အသက်(၂၉)နှစ်အရွယ် စပိန်လက်ရွေးစင် ဗဟိုနောက်ခံလူကို ပြန်လည် တောင်းဆိုဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထို့အပြင် ရာမို့စ်မှာလည်း ရီးယဲလ်၏ လုပ်ခလစာ ပေးချေမှုနှင့် ပတ်သက်၍ စိတ်ပျက်မှုများ ရှိနေပြီး ဘာနေဗျူးကို စွန့်ခွာဖွယ် ရှိနေကြောင်း ခန့်မှန်းချက်များလည်း ပျံ့နှံ့လျက် ရှိသည်။ AS သတင်းဌာနက ယူနိုက်တက်သည် ဂိုးသမား ဒီဂီယာအပြင် ပေါင်စတာလင် သန်း(၂၀)ခန့်ထိ ငွေကြေးပေးချေကာ ရာမို့စ်ကို ဝယ်ယူဖွယ် ရှိနေကြောင်း ဖော်ပြလာပြီး ရာမို့စ်သည်လည်း အင်္ဂလိပ်စကားပြော သင်နေပြီဟု ဆိုသည်။

ရာမို့စ်သည် ဇန်နဝါရီလက အင်တာဗျူးတစ်ခုတွင် ၎င်းအနေဖြင့် အင်္ဂလန် ဘောလုံးလောကကို သဘောကျကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။ ထိုအချိန်တွင် ရာမို့စ်က “အချိန်တွေ ကြာလာတဲ့အခါ ကျွန်တော် အင်္ဂလန်ကို ရွေးချယ်ကောင်း ရွေးချယ်မိပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။ Goal.com သတင်းဌာနက ရီးယဲလ်၏ ဆေးဘက်ဆိုင်ရာ ဌာနတွင် ပြီးခဲ့သည့် လပိုင်းများအတွင်း အပြောင်းအလဲ အများအပြား ဖြစ်ခဲ့ခြင်းကိုလည်း ရာမို့စ်က စိတ်ပျက်နေကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ရာမို့စ်လေးစားသည့် နည်းပြ ကာလို အန်ဆလော့တီကို ရီးယဲလ်က ထုတ်ပယ်လိုက်ခြင်းမှာလည်း ကစားသမားအတွက် စိတ်အနှောင့်အယှက် ပိုတိုးလာစေဖွယ် ရှိနေသည်။

ရာမို့စ်၏ စာချုပ်မှာ သက်တမ်း(၂)နှစ် ကျန်သေးသော်လည်း ယခုနွေရာသီတွင် ယူနိုက်တက်က ၎င်းကို အမိအရ ကမ်းလှမ်းခေါ်ယူဖွယ် ရှိနေကြောင်း Goal.comက ဖော်ပြခဲ့သည်။ ယူနိုက်တက်သည် ဈေးကွက်မဖွင့်မီတွင် PSV အင်ဒိုဗန် တောင်ပံတိုက်စစ်မှူး မမ်းဖစ်ဒီပေးကို ပေါင်စတာလင် (၂၅)သန်းဖြင့် ကြိုတင် ခေါ်ယူထားပြီး နောက်ထပ်လည်း အသင်းလူစာရင်းကို ပြင်ဆင်စုဖွဲ့မှုများ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

Soccer Myanmar

0 comments:

Post a Comment