Pages

Subscribe:

Tuesday, June 30, 2015

လူးကက်စ်အတွက် ကမ်းလှမ်းမှုများကို စောင့်မျှော်နေသည့် လီဗာပူးလ်



လူးကက်စ်အတွက် ကမ်းလှမ်းမှုများကို စောင့်မျှော်နေသည့် လီဗာပူးလ်

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာသည် အသင်းလူစာရင်းကို ပြင်ဆင်ဖွဲ့စည်းမှုအဖြစ် ပိုလျှံကစားသမားများကို ရောင်းထုတ်သွားရန် စီစဉ်နေရာ လူးကက်စ်လီဗာသည် အန်းဖီးလ်နှင့် ပထမဆုံး လမ်းခွဲသူ ဖြစ်လာနိုင်ကြောင်း သိရသည်။

အသက်(၂၈)နှစ်ရှိ ဘရာဇီးလ် ကွင်းလယ်ခံစစ်သမားသည် လီဗာပူးလ်သို့ (၂၀၀၇)ခုနှစ် ကတည်းက ရောက်ရှိနေခဲ့သူ ဖြစ်သည်။ ရော့ဂျာသည် ယခုနွေရာသီ ဈေးကွက်ကာလတွင် ခြေသွက်လက်သွက် လှုပ်ရှားလျက် ရှိပြီး ကစားသမားသစ် (၅)ဦး ခေါ်ယူထားသလို ဆောက်သမ်တန် နောက်ခံလူ နသန်နီရယ်လ် ကလင်းသည်လည်း အသင်းတွင် ဆေးစစ်မှု ခံယူပြီး ဖြစ်သည်။ ထို့နောက်တွင်မူ ရော့ဂျာသည် အသင်းတွင် မလိုအပ်တော့သည့် ကစားသမားကို ရောင်းချရန် ပြင်ဆင်နေပြီး လူးကက်စ်နောက်တွင် မာရီယိုဘာလော့တယ်လီ၊ ရစ်ကီလမ်းဘတ်၊ ဖေဘီယို ဘော်ရီနီနှင့် ဟိုဆေး အန်ရီကေးတို့ပါ အသင်းနှင့် လမ်းခွဲရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

လတ်တလောတွင် လီဗာပူးလ်သည် လူးကက်စ်အတွက် ကမ်းလှမ်းမှုများကို စောင့်မျှော်လျက် ရှိနေပြီး အကယ်၍ ၎င်းကို ရောင်းထုတ်လိုက်ပါက အံ့ဩစရာ အနေအထား တစ်ရပ် ဖြစ်လာဖွယ် ရှိသည်။ လူးကက်စ်သည် ရော့ဂျာ အားထားသည့် ကစားသမား တစ်ဦးဖြစ်ပြီး ယမန်နှစ် ဘောလုံးရာသီက လီဗာပူးလ်အတွက် (၃၂)ပွဲထိ ပါဝင် ကစားပေးခဲ့သည်။ ထို့အပြင် တိုက်စစ်ပိုင်းကို ပြောင်းလဲဖွဲ့စည်းရန် ကြိုးပမ်းနေသည့် ရော့ဂျာသည် ယမန်နှစ်က ခြေစွမ်းမပြနိုင်သည့် ဘာလော့တယ်လီ၊ ဘော်ရီနီနှင့် လမ်းဘတ်တို့ အားလုံးကိုပါ အရောင်းစာရင်းတင်မည့် အလားအလာ ရှိနေသည်။

လတ်တလောတွင်မူ လီဗာပူးလ်မှ စတီဗင်ဂျရတ်၊ ဂလင်းဂျွန်ဆင်နှင့် ဘရတ်ဒ်ဂျုံးစ်တို့မှာ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံး၍ အလွတ်ထွက်ခွာသွားပြီ ဖြစ်သည်။ လီဗာပူးလ်သည် အသင်းပြောင်းရန် ကြိုးစားနေသည့် ရာဟင်မ် စတာလင်ကိုလည်း မြင့်မားသော ပြောင်းရွှေ့ကြေးတစ်ရပ် လက်ခံရရှိပါက လက်တွေ့ ရောင်းချသွားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြထားသည်။

Soccer Myanmar

0 comments:

Post a Comment