Pages

Subscribe:

Tuesday, June 23, 2015

ဖူလ်ဟမ်ဂိုးသမား စတီကလန်ဘာ့ဂ်ကို ဆောက်သမ်တန် အငှားခေါ်ယူ



ဖူလ်ဟမ်ဂိုးသမား စတီကလန်ဘာ့ဂ်ကို ဆောက်သမ်တန် အငှားခေါ်ယူ

ဆောက်သမ်တန် အသင်းသည် ဖူလ်ဟမ် ဂိုးသမား မာတင် စတီကလန်ဘာ့ဂ်ကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။

အသက်(၃၂)နှစ် ရှိပြီဖြစ်သည့် နယ်သာလန် ဂိုးသမားသည် ပြီးခဲ့သည့် ရာသီကလည်း ပြင်သစ်ကလပ် မိုနာကိုသို့ အငှားထွက် ကစားဖြစ်ခဲ့သည်။ ဆောက်သမ်တန်သည် ပွဲထွက်ဂိုးသမား ဖရေဆာ ဖော်စတာကို ဖိအားပေး ယှဉ်ပြိုင်ရန်အတွက် ဝါရင့်ဂိုးသမား တစ်ဦးဖြစ်သော စတီကလန်ဘာ့ဂ်ကို အားဖြည့်ခဲ့ခြင်းလည်း ဖြစ်သည်။ စတီကလန်ဘာ့ဂ် အပြောင်းအရွှေ့ကို ကလပ်အသင်း နှစ်ခုစလုံးက တနင်္လာနေ့ ညနေပိုင်းတွင် တရားဝင် အတည်ပြု ကြေညာခဲ့ကြသည်။

စတီကလန်ဘာ့ဂ်သည် နယ်သာလန်အတွက် (၅၄)ကြိမ် ကိုယ်စားပြုပေးခဲ့ဖူးပြီး တစ်ချိန်က မန်ချက်စတာ ယူနိုက်တက် အသင်း၏ စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံခဲ့ရဖူးသည်။ ဖူလ်ဟမ်အသင်း တန်းဆင်းခဲ့သည့်နောက် ၎င်းသည် ပြီးခဲ့သည့် ရာသီက မိုနာကိုသို့ ပြောင်းရွှေ့ခဲ့သော်လည်း (၄)ပွဲသာ ကစားခဲ့ရပြီး ပွဲထွက်ဂိုးသမား ဒီနီဂျဲလ် ဆူဘာဆစ်၏ နေရာကို မခြိမ်းခြောက်နိုင်ခဲ့ချေ။ ဆောက်သမ်တန်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် စတီကလန်ဘာ့ဂ်က “ကျွန်တော် ဒီအပြောင်းအရွှေ့အတွက် ကျေနပ်မိပါတယ်။ ဥရောပ အဆင့်မှာ အသင်းကောင်း တစ်ခုနဲ့အတူ ကစားရမှာ ဖြစ်တာကြောင့်ပါ။ ပြီးခဲ့တဲ့နှစ်က ကျွန်တော် ပွဲများများ ကစားခွင့် မရခဲ့ဘူး။ ဒီအပြောင်းအရွှေ့ကတော့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment